အပိုင်း၂(Zaw+Uni)

2.3K 199 6
                                    

Zawgyi💚❤

နေ့ ရက်တွေဟာ တဖန်လည်ပတ်ရင်းကုန်ဆုံးပြန်တယ်

ဒီနေ့ ဟာ သာယာဖွယ်စနေတနင်္ဂနွေ
ကျောင်းပိတ်ရက် ရက်သက်တပတ်လုံး ပင်ပင်ပန်းပန်းလုံးလည်ချာလည်လိုက်ခဲ့သမျှ ဒီ၂ရက်တော့အနားရတယ်လေ

ပိတ်ရက်မှာတပတ်စာအဝတ်တွေအိပ်ရာခင်းတွေ
လျှော်တဲ့သူကလျှော် ဦးလေးလီနဲ့ စိုက်ခင်းမှာ ကူလုပ်သူကလုပ်နဲ့ နေရောင်ခြည်ဖျော့ဖျော့လေးထဲ ဒီပျော်ရွှင်စရာရပ်ဝန်းလေးကအသက်ဝင်နေလေတယ်

ပရဟိတ အကိုအမတွေလဲရောက်နေတာမို့ 
ချက်ပြုတ်တာနဲ့ သန့် ရှင်းရေးကိစ္စဒီ၂ရက်တော့
ကျန့် ကျန့် တို့ လုပ်စရာမလို။
အငယ်တစုကတော့ ထုံးစံအတိုင်း ဂေဟာဝန်းထဲ အပူအပင်ကင်းစွာပြေးလွှားဆော့ကစားနေတယ်

ကျန့် ကျန့် ဂေဟာရှေ့ ကပန်းပင်တွေ ရေလောင်းနေရင်းပြုံးပျော်ရွှင်စွာဆော့ကစားနေတဲ့
ကလေးငယ်တွေကိုကြည့်ကာ ကလေးငယ်တွေရဲ့ ပျော်ရွှင်မှုကသူ့ ကိုပါကူးစက်စေပြန်တယ်

"ပုတုလေး  အရမ်းမပြေးနဲ့ လဲမယ်"

ပုတုလေးက ကျန့် ကျန့် ရှိရာ အစိတ်သားလေးလက်ကိုအတင်းဆွဲပြီပြေးလာတော့

"လွှတ်!! နာ့ကိုလွှတ်!!နာနေပြီ"

"ထဏလေး တိုတိုတျန့် တျန့် ဆီတူတူတွားကြမယ်"

ပိန်သေးသေးအစိတ်သားလေးက
ုပုတုလေးရဲ့အကြမ်းပတမ်းဆွဲဆောင့်ခေါ်မှုကြောင့်
ရုန်းကန်ရင်းတဖြည်းဖြည်းငိုတော့မယ်

"တိုတိုတျန့် တျန့် !!

"တားတို့ နဲ့ လာဂီစားပါလား"

ကျန့် ကျန့် ခေါင်းခါပြရင်း

"ကိုကိုမအားသေးဘူး ကလေးတို့ ဘဲဆော့နှင့်ကြ"

"ပုတုလေး ယမ်လေးနဲ့အစိတ်သားကို အနိုင်မကျင့်ရဘူးနော်"

ပုတုလေးက အခြားကလေးတွေနဲ့ မတူဘဲ အရမ်းကြမ်းတယ် အစိတ်သားလေးကရောဂါသည် ကလေးမို့ အကြမ်းမခံနိုင်ဘူး။တုတ်တုတ်ခိုင်ခိုင် ပုတုလေးက ဖြေးဖြေးတွန်းမိရင်ကိုသူကလဲနေပြီ
အခုလဲ ပုတိုလေးအတင်းဆွဲလို့ အစိတ်သားလက်လေးနီရဲကုန်တယ်

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteOù les histoires vivent. Découvrez maintenant