Zawgyi
မျက်လုံးမှိတ်ကာ တောင်းဆုပြုနေတဲ့
ကိုကို့ ကိုရိပေါ်မြတ်နိုးလွန်းစွာငေးကြည့်နေမိလေတယ်ရှည်လျားကော့ညွှတ်နေတဲ့မျက်တောင်စိပ်စိပ်လေးဟာ တချက်တချက်သိမ့်ခနဲ့သိမ့်ခနဲ့တုန်ယင်သွားပြီး
ဖြူကြည်နေတဲ့မျက်နှာလေးမှာအအေးဒဏ်ကြောင့်
ပါးမို့ ၂ဖက်နဲ့နှာခေါင်းထိပ်လေးတွေက လတ်လတ်ဆက်ဆက်စတော်ဘယ်ရီသီးလေးအလား ရဲတက်လို့  အလုံးထုပ်အနွေးထည်ထဲက သူထပ်သေးသွယ်သွယ်လက်ကလေး၂ဖက်ကိုပူး၍ ခန္ဓာကိုယ်လေးကတချက်ချက်မသိလိုက်စွာ တုန်ယင်သွားလျှက် ဘုရားသခင်ထံ လေးလေးနက်နက်ကို တောင်းဆုပြုနေလေ၏။ဒီchurchမှာဆုတောင်းရင် ဆုတောင်းပြည့်တယ်
ဆိုလို့ လားမသိ သူ့ ကလေးလေးကိုကိုရဲ့
တောင်းဆုတွေဟာ မပြီးပြတ်နိုင်။ခဏကြာတော့ မျက်တောင်စိပ်စိပ်လေးတွေ
ပွင့်အလာပြီး ရီဝေဝေမျက်ဝန်းတွေကသူနဲ့ဆုံတယ်
ပြီးတော့သူ့ ကိုမေးလာတယ်"မောင် ဘာတွေဆုတောင်းလဲ"
"ဟင်အင်း"
"ဘာလို့ လဲ"
ဘာလို့ လဲဆိုတဲ့ပြန်မေးသံမှာ အဖျားခတ်တုန်ယင်နေလေ၏။
"မောင့်ဘဝမှာ မောင်အလိုချင်ဆုံးဆုက
အနားမှာရှိနေပြီ ကျန်တာဘာမှမလိုအပ်တော့ဘူး""အလိုအပ်ဆုံးဆုကို ဘုရားသခင်ကပေးပြီးပြီးဘဲ
မောင်က ဘုရားသခင်နားညီးအောင်မလုပ်တော့ဘူး"မောင်က သူ့ ကိုသရော်ကာ ရွှတ်နောက်နောက်ဆိုတယ်
သူ့ အဖြစ်ကို မောင်မရိပ်မိသေး။
"မောင်"
ကိုကိုမျက်နှာမကောင်းတာမြင်တော့
ရိပေါ်ရုတ်ချည်းမျက်နှာအမူအယာပြောင်းသွားပြီး
လေးနက်စွာမေးလာတယ်"ကိုကိုဘာဖြစ်လို့ လဲဟင်"
"ဘာမှမဖြစ်ဘူး ကိုကိုဘာမှမဖြစ်ဘူး"
ရိပေါ်ကိုကို့ ပခုံးလေးကိုဖွဖွဆုပ်ကိုင်၍
"ကိုကို မောင်တို့ တယောက်ကိုတယောက်
ဘယ်တော့မှမသိုဝှက်ပါဘူးလို့ ကတိပေးထားတယ်လေ"