Dark ဆိုတာ Black ရဲ့

15.5K 340 6
                                    

အခန်း(၁)

ကလပ်၏အမည်က 'Heaven' ။
သို့သော်ပေးထားသောအမည်နှင့် တစ်ကယ်ဖြစ်နေတာ​တွေက တစ်ခြားစီပင်။
မျက်စိအမြင်အား တင့်တယ်အေးချမ်းစေသောအရာဆိုလို့တစ်ခုမှမရှိ။

ဆူညံပွက်​လောရိုက်နေ​သည့်သီချင်းသံ​များအပြင် ပြွပ်သိပ်ပြည့်ကျပ်နေ​သော လူများအကြားခုန်ပေါက်မြူးထူးနေရသည်ကိုပင် စိတ်ထဲကအလိုမကျဖြစ်လာသည်မို့ Dark က။

" ငါ တော်ပြီ "

" ဟာ မင်းကလည်း Dark နေအုန်းလေ "

ပြောတာကနောက် လှည့်ထွက်တာအရင်မို့အနောက်ကိုလှည့်ကြည့်လိုက်တာနှင့် Dark ကမရှိတော့။
Dark ဆိုတာက အမြဲထိုကဲ့သို့ပင် ။
မင်းဟန်ကအခြားလူတွေ အနှောင့်အယှက်ဖြစ်မှာစိုး၍ အသံ​သေချာထိန်း​ပြီးမှခေါ် လိုက်​ခြင်းသည်။ဒါကို Dark ကကြားလိုက်လား မကြားဘူးလား​တော့မသိ။
သေချာတာတစ်ခုကတော့ ကြားလိုက်လည်း Dark ဆိုတဲ့သူငယ်ချင်းကပြန်လှည့်​ကြည့်လာမှာမဟုတ်။

" ဘာလဲကွာ မင်းဟန် "

" မင်းကိုဘာမှမပြောဘူးဆက်သာလိမ့်နေ ...မင်းကတစ်မျိုး...ဟိုကလည်း အခန်းထဲကိုတည့်တည့်သွားပြန်သွားနားရင်ဘာမှမဖြစ်ဘူး... မတော်လို့အပေါ် ထပ်ကိုသာတက်သွားမိရင်... ဟာ ..."

ငသစ် ကိုထပ်ဆင့်မရှင်းပြချင်သောကြောင့်
ဘာမှမဖြစ်သလိုမျိုးပြောလိုက်ခြင်းဖြစ်သည်။
သို့သော် အဖျားရှူးသွားသည့် မင်းဟန်၏စကားသံတွေထဲမှာ စိုးရိမ်စိတ်တွေကအပြည့်ပါနေခဲ့သည်။
မစိုးရိမ်လို့လည်းမရ။
ကိုယ့်မျက်စိထဲမှာနေ့တိုင်းလိုလို မြင်ခဲ့​ရ
သည့် Dark မျက်နှာပေါ် ရှိဒဏ်ရာဒဏ်ချက်များက အခြားဘယ်သူ့လက်ချက်ကြောင့်မှမဟုတ်။

ပင်တိုင်စံတစ်ကိုယ်ထဲ လက်စွမ်းပြနေသူတစ်ယောက်ထဲကြောင့်သာ Dark မျက်နှာကသွေးစွန်းခဲ့ရခြင်းဖြစ်သည်။
ဒါလည်းဘယ်သူ့ကို အပြစ်တင်လို့တင်ရမလဲမသိ။

လက်သံပြောင်သည့် ထိုလူကိုပဲအပြစ်တင်ရမလား ဒါမှမဟုတ်အခြားလူတွေနဲ့ဆို မာန်မာနကြီးစွာနေခဲ့သမျှ ထိုတစ်ယောက်နဲ့ဆိုရင်တော့ အမြဲခံဘက်ကသာအဖြစ်ခံနေသည့် ကိုယ့်သူငယ်ချင်းကိုပဲအပြစ်တင်ရမလားမသိ။
စိတ်ရှုပ်လွန်းသောကြောင့် မင်းဟန်တစ်​ယောက်ခေါင်းကိုသာ တဗျင်းဗျင်း​မြည်​အောင်ကုတ်ရင်း...

Dark's Black _ Season(1) [Completed]Where stories live. Discover now