တမင်လုပ်လိုက်တာမဟုတ်ဘူး

1.3K 90 4
                                    

အခန်း(၂၈)

ပုံမှန်ဆို နွေးသွားသည့် လည်ပင်းကိုဖျတ်ခနဲ လှမ်းကိုင်လိုက်မှာဖြစ်သည်။ယခုတော့ အရုပ်ကြိုးပြတ်သလို အောက်သို့ပစ်ချခံထားသည့် လက်တွေကကူညီရာမဲ့။

ဘာလုပ်နေတာလဲလို့ မေးစရာကိုမလို။
ယခုထိမခွာသေးသော Dark ၏မျက်နှာက Black ၏ လည်ပင်းသားတွေကိုနက်ရှိုင်းစွာ ငုံထွေးထားဆဲဖြစ်သည်။
ငုံထွေးနေတာလား စုပ်ယူနေတာလားတော့ မသဲကွဲ ...

တစိမ့်စိမ့်နစ်ဝင်နေသည့် Dark၏ နှုတ်ခမ်းသားတွေက Black ၏လည်ပင်းသားများကို အငမ်းမရစုပ်ယူနေခဲ့ခြင်းဖြစ်သည်။

" Dark... မင်း "

ရုတ်တရက်ကြီးခါးနောက်သို့လက်လျှိုသွင်းကာ ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည့် Dark ကြောင့်ပြောနေသည့်စကားတောင် ဘယ်နားရောက်သွားသည်မသိ။

စုပ်ထားဆဲဖြစ်သည့်သူ့နှုတ်ခမ်းသားတွေက အနီစက်လေးရှိရာနေရာဆီသို့ ဦးတည်သွားနေတာကိုလည်း သိတစ်ချက်မသိတစ်ချက်။

ယခုမှ ရင်ခွင်ထဲသို့ပုံစံကျကျ အသွင်းခံလိုက်ရပြီး စွဲစွဲမက်မက်အနမ်းခံနေရတာ ဘယ်ဘဝကအကုသိုလ်ကြောင့်လည်းမသိ။
အနည်းငယ်ကြာသည်အထိ အနမ်းခံရပြီးနောက် Black ကအသိစိတ်များကိုပြန်လည်စုစည်းပြီးရုန်းထွက်ဖို့ကြိုးစားသည်။

" ဖယ်... မင်း "

" ငြိမ်ငြိမ်လေးနေ "

မေးရိုးကြောတစ်လျှောက်ကို ဖိကပ်နမ်းနေရင်း ပြောလိုက်သည့် Dark ၏အသံကသိပ်ပြီး မပီပြင်...
အက်ကွဲရှတသည့်လေသံမျိုး အနည်းငယ်စွက်နေခဲ့လျက်...

" မင်း ..."

မူးနေခဲ့တုန်းက Dark နှင့်နမ်းခဲ့ဖူးတာကိုသိသည်။
ထိုအချိန်တုန်းက ဘယ်လိုစိတ်နှင့် နမ်းခဲ့လည်းဆိုတာကိုတော့မသိ။
ပြန်လည်စဥ်းစားတိုင်း အဖြေကတစ်ခုပဲထွက်လာခဲ့သည်။
မူးနေလို့ပါ...
မူးနေလို့သာ အသိစိတ်လွတ်ပြီး နမ်းခဲ့မိတာ...

ဒါဆို ယခုကရော...
သူနမ်းနေတာ တဖြည်းဖြည်းနဲ့ နှုတ်ခမ်းသားတွေဆီသို့ ရောက်လုနီးပါးဖြစ်နေခဲ့တာ...
ထိုသို့နီးကပ်လာတဲ့သူ့နှုတ်ခမ်းသားတွေကို အပြင်းအထန် ရုန်းကန်ဖယ်ရှားဖို့မပြောနှင့် လက်နှင့်တွန်းဖယ်လိုက်ဖို့ကိုတောင် ဘယ်ကအင်အားတွေကိုသွားရှာရမယ်မသိ။

Dark's Black _ Season(1) [Completed]Where stories live. Discover now