မင်းတို့ပြောသလိုသာလုပ်ပြီးရင်

1.2K 89 5
                                    

အခန်း(၂၂)

Empire Of Dark ...
ဖောင်းကြွလွန်းသည့် ရွှေအိုရောင်စာတန်းကြီးကို တစ်ချက်စောင်းငဲ့ကြည့်ပြီး ကားကိုပါကင်ဘက်ရှိရာဘက်သို့မောင်းသည်။
ကားကိုပါကင်၌ထိုးပြီးသည်နှင့် Company ထဲသို့ဝင်သည်။အထပ်မြင့်ပေါင်းများစွာရှိပြီး အထဲတွင်စားသောက်ဆိုင်များနှင့် ဖက်ရှင်ဆိုင်များက ခမ်းနားစွာနေရာယူထားသည်။

သို့သော်စင်တာဘက်ဆီသို့ ခြေကိုမလှမ်းဘဲ
အပေါ် ထပ်ကိုသာတက်ရန် ဓာတ်လှေကားဆီသို့တည့်တည့်မတ်မတ်လျှောက်သွားသည်။

ဓာတ်လှေကားတံခါးက ပိတ်အံ့ဆဲဆဲဖြစ်နေသည့်အချိန်သွယ်လျသောလက်လေးတစ်ဖက်က တံခါးကြားကိုကန့်လန့်ထိုးသွင်းလိုက်သည်။ထိုအခါဓာတ်လှေကားတံခါးကအပြည့်ပြန်ပွင့်သွားခဲ့သည်။အခန်းထဲတွင်ကြိုရောက်နေပြီးသား မိန်းကလေးနှစ်ယောက်ရှိသည်။
ထိုမိန်းကလေးတွေက ဝင်လာသည့်လူကိုတစ်ချက်ကြည့်လိုက်သည်။

ဦးထုပ်ကိုအနည်းငယ်ငိုက်ဆောင်းထားသည့်အပြင် မက်စ်ကိုပါတပ်ထားသည့်အတွက် ယောကျာ်းတစ်ယောက်ဆိုတာကလွဲပြီး အခြားဘယ်အရာကိုမှခန့်မှန်းလို့မရ။
ထို့ကြောင့် သူတို့ပြောနေသည့်စကားကိုသာ ဆက်ပြောနေကြသည်။

" သေချာပါတယ်ဆို... နင်က GM ရဲ့ရုံးခန်းထဲကိုမရောက်ဘူးလို့ မစိမ့်ကအမြဲလက်မှတ်ယူစရာရှိလို့သွားနေကျ "

" ဒါဆိုတစ်ကယ် ယောကျာ်းလေးနဲ့ယူထားတာပေါ့ "

" ဟုတ်ပါတယ်ဆို ဓာတ်ပုံကိုချိတ်ထားတာနော် အကြီးကြီးပဲတဲ့ "

အေးစက်ထုံကျဥ်လာသည့်လက်ကို ဂျာကင်ဘေးအိတ်ထဲသို့ထိုးထည့်လိုက်သည်။ခေါင်းကိုပိုငုံ့မိကာ ဖိနပ်ထိပ်တွေကို စိတ်မဝင်စားဘဲကြည့်လိုက်မိသည်။ကြားနေရသည့် စကားသံတွေကိုတော့စိတ်ဝင်စားနေမိတာအမှန်။

" နှစ်ယောက်ပုံလား "

" မဟုတ်ဘူးသူ့ကောင်လေးပုံပဲတဲ့ လက်ထပ်ပွဲတုန်းကတစ်ယောက်ထဲရိုက်ထားတဲ့ပုံ အတော်ချောတယ်ပြောတယ်နော် "

" ချောတော့မှာပေါ့ ... ဒီလောက်ထိအောင်ချောနေတဲ့ GM လိုလူကတောင်ကြိုက်တယ်ဆိုတော့... တော်ရုံလူမဖြစ်နိုင်ဘူး ... ပြောရင်းနဲ့တောင်ကြည့်ချင်လာပြီ "

Dark's Black _ Season(1) [Completed]Where stories live. Discover now