မင်းဘာလုပ်တာလဲ

1K 90 4
                                    

အခန်း(၄၆)

ကားပေါ် ကနေဆင်းလာတာက Dark ၏အတွင်းရေးမှူးမလေး။
ဘာသဘောလဲ...
ကားကအိမ်ရှေ့ရှိရောက်နေတာကိုတောင် ...

"ဟား...!"

အောက်ရောက်သည်အထိ ဆက်မဆင်းဘဲ Black ကလှေကား၏တစ်ဝက်လောက်မှာတင် ခြေစုံရပ်ကာပါးစောင်ကိုလျှာနှင့် ထိုးကလော် သည်။
မြင်ချင်သည့်မျက်နှာကိုမမြင်ရ၍ စိတ်တိုင်းမကျသည့်ပုံစံများဖြစ်သွားလား...

ဒါဆိုရင်တော့ အနေအထိုင်ကိုနည်းနည်းဆင်ခြင်ဖို့လိုလာပြီ။
မျက်နှာကြောကို အတင်းမာဆုံးအနေအထားသို့ ပြောင်းလိုက်ကာ ဘာမှမဖြစ်သလိုပုံစံနှင့် Black ကလှေကားအောက်ခြေထိရောက်အောင်ဆင်းသည်။

အိမ်တံခါးရှေ့တွင်ရပ်နေသော အတွင်းရေးမှူးမလေးက Black ကိုလှမ်းမခေါ် ရဲပုံရသည်။
ဘာလဲ...
ကိုယ်သာတံခါးဆင်းမဖွင့်ပေးဘူးဆိုရင် ဒီကောင်မလေးကမိုးချုပ်တဲ့အထိ ရပ်နေမှာလား။

ဘာစကားမှလှမ်းမပြောဘဲ ရပ်နေပုံကမသိရင် ကိုယ့်ကိုပဲ Dark ကတစ်ခုခုမှာထားသည့်ပုံစံ...
စိတ်ရှုပ်ထွေးမှုများစွာနှင့် မျက်မှောင်ကျုံ့လိုက်ပြီးလျှင် Black ကအိမ်တံခါးကိုဝုန်းခနဲနေအောင် ဆွဲဖွင့်သည်။
ပြီးမှ...

" ကိစ္စက "

နဂိုကတည်းကကြောက်နေပါတယ်ဆိုမှ မေးချလိုက်သည့်အသံကြီးက ချက်ချင်းလက်ငင်းပဲလူထသတ်တော့မည့်လေသံနှင့်မို့...

" သူ...သူဌေးရဲ့အိတ် "

" ဘယ်ကသူဌေးလဲ "

သေတာပဲ ...
ကေသီမှာတစ်လ USD 5000 ရသည့်အလုပ်ကနေတောင် ချက်ချင်းလက်ငင်းကို အလုပ်ထွက်ချင်စိတ်ပေါက်သွားသည်။
ကိုယ့် boss ကိုသူဌေးလို့မခေါ် လို့ ဘယ်လို့ခေါ် ရမှာလဲ...
နာမည်အတိုင်း Dark လို့မခေါ် ရဲသလို အစ်ကိုတို့ဘာတို့တပ်ခေါ် ရအောင်လည်း ကိုယ့်သူဌေးရဲ့နာမည်ကမြန်မာနာမည်မဟုတ်...

" ဟို... ဟို...သူဌေးကဒီကအစ်ကိုရဲ့ "

ပိုဆိုးသွားပြီ...
အစ်ကိုရဲ့ ယောကျာ်းလို့ပဲ ဆက်ပြောလိုက်ရမှာလား...
ဒါမှမဟုတ် အစ်ကိုနဲ့လက်ထပ်ထားတဲ့လို့ပြောလိုက်ရမှာလား။

Dark's Black _ Season(1) [Completed]Where stories live. Discover now