ကိုယ်မင်းကိုပေးချင်တာ ဒေါသတော့မဟုတ်ဘူး Black အဲဒါသေချာတယ်

1.1K 76 2
                                    

အခန်း (၃၈)

" အဟမ်း "

ကားကိုစက်သပ်ပြီးတာနှင့် ချောင်းလည်းမဆိုးချင်ပါဘဲ Black က လည်ချောင်းကို အသာရှင်းသည်။ကားတံခါးကိုမဖွင့်ခင် အရင်ဆုံးအိမ်ထဲကိုကြည့်သည်။အထပ်တိုင်းတွင် မီးလင်းနေသဖြင့် Dark ပြန်ရောက်နေပြီဆိုတာကို အတပ်သိသည်။အချိန်က ညကိုးနာရီဆိုတော့...

" ဟူး "

ပူတာလည်းမဟုတ်ပါဘဲ လေပူတစ်ချက်ကို မှုတ်ထုတ်ပစ်ပြီးကားထဲကနေထွက်သည်။
အိမ်ထဲကိုရောက်တာနှင့် ဘေးဘီဝဲယာကို အရင်လေ့လာသည်။
ဧည့်ခန်းထဲမှာ Dark ကိုမတွေ့ရသလို ထမင်းစားခန်းဘက်ကို ထပ်လျှောက်တော့လည်း အရိပ်အယောင်တောင်မရှိ။
စာကြည့်ခန်းကိုတော့ ဒီအချိန်ကြီးမဝင်လောက်မှန်းသိသဖြင့်ထပ်မရှာတော့။

သေချာတာကတော့ အပေါ် ထပ်မှာရှိလိမ့်မည်။
ကိုယ့်ကြိုက်တာကိုယ်လုပ်နေကျမို့ သူ့ကိုဖြေရှင်းပြရမယ်လို့ခေါင်းထဲမှာ တစ်ခါမှမတွေးမိ။သို့သော် ဒီနေ့မှာတော့ ကိုယ့်ဘက်ကတရားလွန်သွားမှန်း Black ကိုယ်တိုင်သိသည်။
ကြိုချိန်းထားပြီးသားကိစ္စ ကိုဖျက်လိုက်သည့်အပြင် မလာဖြစ်ဘူးဆိုတာကိုတောင် ဖုန်းဆက်ပြီးမပြောမိ။
Dark တစ်ယောက်တော်တော်လေးတော့ တင်းနေလောက်ပြီ။Black ကဂရုမစိုက်တတ်သည့်အကျင့်အတိုင်း ပုခုံးနှစ်ဖက်ကို အသာတွန့်ပြီး လှေကားထစ်တွေကိုတက်သည်။

တက်နေရင်းတောင် လှေကားလက်ရန်းတွေကို လက်ဖဝါးနှင့် အသာပွတ်ဆွဲလိုက်သေးသည်။အရမ်းလည်းမမြင့်ပါဘဲ ဒီနေ့မှအပေါ် ထပ်ကိုတော်တော်နဲ့ မရောက်နိုင်ပါလားလို့ Black သတိထားမိသွားသည်။

ဘာလဲ...
ငါက သူဒေါသထွက်မှာကို သိနေလို့မသွားရဲတာလား...
သူ့ကိုဂရုစိုက်နေတာလား...
သူ့ကိုကြောက်နေတာလား...
ဟ...မဖြစ်နိုင်တာအိမ်မက်ထဲမှာတောင် ကြောက်မှာမဟုတ်ဘူး...ဆောရီးပဲ...

Black ကကိုယ့်ဘာသာကိုယ် နှာခေါင်းရှုံ့လိုက် ခေါင်းခါလိုက်နှင့် အပေါ် ထပ်ကိုတက်သည့် တစ်လျှောက် အာရုံတွေကမငြိမ်မသက်ဖြစ်ကာဝေဝါးထွေပြားနေခဲ့လျက်။

Dark's Black _ Season(1) [Completed]Where stories live. Discover now