တစ်မျိုးကြီးပဲ

1K 80 1
                                    

အခန်း(၄၁)

နေရာက Hotel G ၏ကားပါကင်...

" ဒူ...ဒူ "

" ဒုန်း...! "

ဖုန်းဆီကအသံမြည်နေတာမို့ကားတံခါးကိုဆောင့်ပိတ်ပြီးလျှင် ကားသော့နှင့်အတူတွဲကိုင်ထား
သည့် ဖုန်းစခရင်ကိုငုံ့ကြည့်သည်။

" မာမီ "

အဟမ်း...
Black မှာလမ်းလျှောက်ရင်းကလည်ချောင်းကိုအသာရှင်းသည်။ဘာအကြောင်းပြောတော့မယ်ဆိုတာကို ကြိုသိနေတဲ့အတွက် မျက်ခုံးတစ်ချက်အသာပင့်တင်ပြီးလျှင် အတည်ငြိမ်ဆုံးလေသံ
ဖြင့်...

" ဟုတ်...မာမီ "

ဘာစကားမှစမပြောခင် မာမီ၏သက်ပြင်းချသံ
ကိုသာအရင်ဆုံးကြားလိုက်ရသည်။
ပြီးလျှင် အရမ်းကိုစိုးရိမ်နေသောလေသံဖြင့်...

" သား... ဘယ်လိုတွေလျှောက်လုပ်နေတာလဲ "

" သားဘာလုပ်နေလို့လဲမာမီ "

" ကိုယ်ဘာလုပ်ထားလဲဆိုတာ ကိုယ်မသိဘူးလားသားအခုနောက်ပိုင်းပိုဆိုးလာတယ်နော် "

" အရင်ထဲကဆိုးနေတာလေ သားက "

" သား ... မာမီစကားအကောင်းပြောနေတာနော် ဘယ်လိုဖြစ်လို့စကားကို လေးလေးနက်နက်မပြောတာလဲ ... ဒက်ဒီနဲ့သာဆို သားမလွယ်ဘူးနော် "

တစ်ကယ်လည်းမလွယ်ဘူးဆိုတာကို Black သိသည်။
ဒက်ဒီက တော်ရုံဆိုစကားမပြော။
Black ကိုတစ်ဦးတည်းသောသားမို့လို့သာ
ဆိုးခွင့်ပေးပြီး တစ်အိမ်လုံးကအလိုလိုက်ကြပေ
မယ့် စည်းမဲ့ကမ်းမဲ့ဖြစ်လာပြီဆိုရင်တော့ ဒက်ဒီကလုံးဝခွင့်မလွှတ်။

Black ၏ရပိုင်ခွင့်တွေအားလုံးကိုပိတ်ပင်ခဲ့သည်။
ဆယ်တန်းတုန်းကဖြစ်ရပ်ကို Black မှတ်မိပါသေးသည်။
စာမေးပွဲဖြေဖို့ နှစ်ရက်သာလိုတော့သည့်အချိန်
Black တစ်ယောက် သူငယ်ချင်းတွေနှင့် ကားမောင်းပြိုင်ခဲ့သည်။
ပြိုင်ခဲ့တာကလည်း မခံချင်စိတ်ကြောင့်ဖြစ်ကာ
လူငယ်တွေကြားရေပန်းစားခဲ့သည့်အတွက်
ဒက်ဒီနားသို့ သတင်းကလျင်မြန်စွာရောက်သွားခဲ့သည်။
ခွင့်မပြုထားသည့်လုပ်ရပ်ကိုလုပ်ခဲ့သောကြောင့်
ဒက်ဒီက Black ကိုပြိုင်ကားစီးခွင့် တစ်နှစ်ပိတ်ပင်ခဲ့သည်။
ပထမနှစ်စတက်သည့်အချိန်မှာတောင် အိမ်ကပေးသည့် Land Cruiser ကိုပဲမောင်းခဲ့ရတာဖြစ်သည်။

Dark's Black _ Season(1) [Completed]Where stories live. Discover now