ထပ်ထိဖို့မကြိုးစားမိစေနဲ့

1.4K 90 3
                                    

အခန်း (၂၇)

" ဒါဆိုနင် သူ့အိမ်သော့တွေကို ပြန်မပေးဘဲယူထားတယ်ပေါ့ "

" ပြန်မပေးတာမဟုတ်ဘူး မေ့နေတာ "

ထိုနေ့ကကားထဲမှာတမင်တကာသော့တွေကိုထားပစ်ခဲ့ခြင်းဖြစ်သည်။သူ့ဆီကိုရောက်တော့လည်း ဒီငါးလလုံးသူထားခဲ့လို့ အရမ်းခံစားနေရပြီးစိတ်ဆိုးနေတဲ့ပုံစံမျိုးကိုအလိုလိုရောက်သွားခဲ့သည်။

သူရှင်းပြခဲ့တာတွေကို နားမထောင်ချင်ခဲ့ပေမယ့် တစ်လုံးမကျန်မမေ့သွားသည့် သူ့စကားသံတွေကိုလည်း အလိုလိုကြားယောင်နေမိတာ ယခုထက်ထိပင်။

ကားကိုလည်းတမင်အဆောက်အဦး၏ ရှေ့မျက်နှာစာတွင်ရပ်ပြီးထားခဲ့သည်။
ပြန်ထွက်လာတော့ ပြုံးပြီးအရိုအသေပေးနေ
သည့် ဝန်ထမ်းများကတောက်လျောက်။
ကားရပ်လို့မရဘူးလို့ပြောခဲ့သည့် ဝန်ထမ်းများကလည်း Black အပြင်သို့ထွက်လာသည်နှင့် ထီးကိုအပြေးအလွှားပင်လာဆောင်းပေးကြတာ Black ကားထဲသို့ဝင်သွားသည်အထိ။

Dark ၏အိမ်ကိုလည်းထိုနေ့ကထဲက မပြန်တော့။ကိုယ့်ကွန်ဒိုတိုက်မှာပဲ ပြန်နေခဲ့တာ တစ်ပတ်ကျော်ပြီဖြစ်သည်။
စားသောက်ဖို့လာစီစဥ်ပေးသည့် Dark ၏ အိမ်တော်ထိန်းကိုလည်းမလာတော့ဖို့မှာခဲ့သည်။Dark မြန်မာပြည် ပြန်ရောက်နေတာကိုမပြောချင်သောကြောင့် ကိုယ့်ဘာသာချက်စားမှာမို့လာချက်စရာမလိုတော့ကြောင်း အပြင်ထွက်စရာ ကိစ္စတွေလည်းရှိသဖြင့် သော့ဖွင့်ထားမှာမဟုတ်ဘူးဆိုတာကိုလည်း အပြီးပြောခဲ့လိုက်သည်။

" ဒါဆိုနင်မပြန်တာ အတော်ကြာနေပြီပေါ့ တော်ကြာသူပြန်သွားလို့သော့ဖွင့်စရာမရှိရင်ဘယ်လိုလုပ်မလဲ "

" လာယူပေါ့ သူသိနေတာပဲ ငါ့အိမ်ကို "

ယွန်းက တစ်ဝက်လောက်ထိစားပြီးသည့် ပန်းသီးကိုအကုန်နီးပါးလောက်ထိ ကုန်အောင်ကိုက်သည်။စားနေရင်းကလည်း ခေါင်းကိုတ
ဆတ်ဆတ်ညိတ်သလို လက်တစ်ဖက်ကလည်း ဖုန်းပွတ်နေသည့် ခန့် ၏ကျောဘက်အားဘတ်ခနဲနေအောင်ရိုက်သည်။

ခန့် ကတော့ဆော့နေသည့်ဂိမ်းကိုသာ အာရုံစိုက်ထားရင်း...

" ဘာလဲ ယွန်း ဒီမှာမပြီးသေးဘူး "

Dark's Black _ Season(1) [Completed]Where stories live. Discover now