စွဲစွဲလမ်းလမ်းကိုမုန်းနေတာ

1.3K 98 5
                                    

အခန်း(၂၆)

Dark ကကျောပေးပြီးထိုင်နေသည့်အတွက် Black ဝင်လာတာကိုမသိ။
ခေမီကသာ စကားမပြတ်ပြောနေရင်း Black ကိုပါမြင်နေခဲ့ရသည်။
စပြီးမြင်လိုက်ရပြီဆိုတာနှင့်စကားကိုပိုပြီး ချွဲပြစ်အောင်ပြောနေမိတာဖြစ်သည်။

Dark လိုလူမျိုးက တော်ရုံဘယ်သူ့ကိုမှ အဖတ်လုပ်ပြီးစကားပြောခဲ့တာမဟုတ်။ခေမီနဲ့ကတော့ ပြင်သစ်မှာကတည်းက ငယ်သူငယ်ချင်းတွေဖြစ်ခဲ့သည့်အပြင် လူကြီးချင်းကလည်း စီးပွားဖက်တွေဖြစ်ခဲ့တာမို့ Dark ဘက်ကလျစ်လျူရှုပြီးနေဖို့လုံးဝမဖြစ်နိုင်။

အနောက်ဘက်ကို မျက်တောင်တစ်ချက်မခတ် ဘဲအံ့သြသလိုကြည့်နေသည့် ခေမီကြောင့် Dark သိလိုက်ပါသည်။အနောက်မှာ တစ်ယောက်တော့ရောက်နေပြီဆိုတာ။
ချက်ချင်းကို လှည့်ကြည့်လိုက်တာနှင့်...

" Black...ကိုယ် "

မဆိုးဘူး နာမည်ကိုတော့မှတ်မိသေးတာပဲ... လို့ဆိုကတည်းကသိလိုက်သည်။
Black တစ်ယောက် ဒေါသတွေအရမ်းထွက်နေပြီဆိုတာကို...

" သြော်...အချိန်ကောင်းကို လာမိတာပဲ ဆောရီး "

Black က မျက်မှန်ကိုဆွဲချွတ်ပြီး အင်္ကျီရင်ဘတ်မှာချိတ်သည်။Dark ကထိုင်နေရာမှထလာပြီးလျှင် Black နှင့်မျက်နှာချင်းဆိုင်အနေအထားမျိုးရပ်ကာ ပီကေဝါးနေမှန်းသိသာသည့်နှုတ်ခမ်းသားတွေကိုစိုက်ကြည့်သည်။

စကားအသွားအလာအရ အခြေအနေကတော့ ဘယ်လိုမှမကောင်းနိုင်ကြောင်းအတပ်သိသည်။ထိုသို့ဖြစ်ရသည့်အကြောင်းရင်းကလည်း အခြားလူကြောင့်မဟုတ် ကိုယ့်ကြောင့်သာဖြစ်နေခဲ့သည်။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စိုက်ပြီးကြည့်နေကြချိန်...

" ဒါဆို... ခေမီ ပြန်လိုက်တော့မယ် Dark "

" အိုခေ "

ပိုက်ဆံအိတ်ကိုလွယ်ပြီးလျှင် ဟန်ပါပါထရပ်ကာ Black ကိုကြည့်၍ခေမီကပြောသည်။
Dark က အိုခေ ဆိုပြီးတစ်ချက်လောက်တော့ ပြုံးပြီးလှည့်ကြည့်သည်။

" ပဲခူးဘက်ကို သွားကြည့်ဖို့ကိစ္စကတော့ ခေမီပဲ
စီစဥ်လိုက်မယ် Dark ဘက်ကနည်းနည်းတော့ ကူကြည့်ပေးပေါ့ "

Dark's Black _ Season(1) [Completed]Where stories live. Discover now