မင်းရဲ့ခြေဖဝါးအောက်ထိကို

1.3K 75 0
                                    

အခန်း(၅၈)

" ရောက်လာပြီလား...Black ကအိပ်နေတယ်အခန်းထဲမှာ "

Dark ရဲ့ဖုန်းနံပါတ်ကိုလည်းမသိသလို Black ၏အိမ်ကလူကြီးတွေကိုလည်းပြောသင့်မပြော
သင့် မသေချာသည်မို့ ယွန်း ကBlack ရဲ့ဖုန်းကိုသာဆက်ခဲ့ခြင်းဖြစ်သည်။
ကံကောင်းတာလား ဘာလားတော့မသိ။
ဖုန်း ကို ခေါ် လိုက်တာနှင့် Dark ကတန်းကိုင်ခဲ့သည်။

" ကျွန်တော့်ကိုအခန်းပြပေးပါ "

" သြော်...ဟုတ်ကဲ့ "

ယွန်း မှာတစ်ခါမှရင်းနှီးမှုမရှိခဲ့သည့် Dark ကိုအယောင်ယောင်အမှားမှားနှင့် ရပ်ကြည့်နေရာမှ Black ရှိနေသည့်အခန်းကိုပြဖို့သတိရသွားသည်။
လူကပဲအရှိန်အဝါကြီးတာမဟုတ်...
ထွက်လာတဲ့အသံကိုက ပြတ်သားကာလေးနက်သည်။

Dark ကတစ်ချက်တောင်တုံ့ဆိုင်းမနေဘဲ ယွန်းတံခါးဖွင့်ပေးသည့် အခန်းထဲကိုတိုက်ရိုက်ဝင်သွားသည်။

" မပြီးသေးဘူးဟ "

" ဒီး... "

ယွန်း ကအသံကိုခပ်အုပ်အုပ်ခေါ် ရင်း ဆက်မလုပ်တော့ဖို့ လက်ဟန်ခြေဟန်ပြသည်။
ဒီး ကမော့မကြည့်ဘဲ Black ၏ခြေထောက်နားထိလုံအောင် စောင်ကိုဆွဲချပေးနေ၏။

" ကျစ်...ခက်တယ်နင်ဟာလေ ရှေ့မကြည့်နောက်မကြည့် "

ကိုယ်ကသူငယ်ချင်းမို့လို့ လုပ်ကိုင်ပေးနေတယ်ဆိုပေမယ့် Dark ကကြိုက်မှန်းမသိမကြိုက်မှန်းမသိ။
Dark ကိုကြည့်လိုက်တော့လည်းယခုထိ တစ်စက်တောင်ပြုံးရယ်ခြင်းမရှိသည့် မျက်နှာကခက်ထန်မှုအပြည့်။
သို့သော် ယွန်းသတိထားမိတာတစ်ခုတော့ရှိပါသည်။
ကိုယ့်ကိုစကားပြောလာတဲ့ Dark ၏အသံကအထက်ဆီးဆန်မနေ။

" ယွန်း...နင့်ဆီမှာ...အဲ... Dark ကဘယ်လို... "

Dark ကိုတွေ့လိုက်တာနှင့် ဒီးကအော်တိုမတ်ရပ်ထရပ်ပြီးသား...
လက်နှစ်ဖက်ကိုလည်း ချက်ချင်းနောက်ပစ်လိုက်ပြီး သွားအဖြီးသားနှင့်...

" Black ကအန်တတ်တဲ့အကျင့်ရှိတယ်လေ...အဝတ်အစားတွေကပေကုန်တော့ လဲပေးလိုက်တာ...ဘာမှမမြင်ဘူးနော်... မျက်လုံးမှိတ်ပြီးလဲပေးလိုက်တာ "

Dark's Black _ Season(1) [Completed]Where stories live. Discover now