အသိအမှတ်ပြုတယ်ဆိုတာ

1.1K 81 4
                                    

အခန်း(၄၉)

မျက်လုံးတွေကိုမှိတ်ချလိုက်ပေမယ့် ရင်ဘတ်ကိုတော့အကြောက်အကန်တွန်းကန်ထားသေးသည့် လက်နှစ်ဖက်စလုံးကို Dark ကသဘောကျစွာငုံ့ကြည့်သည်။
အဆစ်အပြောက်တစ်စက်မရှိ ဖောင်းအိကာသွယ်လျသောလက်ချောင်းထိပ်လေးများသည် ဘယ်အချိန်ပဲကြည့်လိုက်ကြည့်လိုက် ပန်းသွေးရောင်ပြေးနေတတ်၏။

တစ်ကယ်ပါ Black ၏ ဘယ်အစိတ်အပိုင်းကိုပဲကြည့်လိုက်ကြည့်လိုက် လိုအပ်ချက်ဆိုတာဘယ်နားသွားရှာရမလဲမသိ။
အတင်းဇွတ်မှိတ်ထားသောကြောင့် လှုပ်လှုပ်ရွရွဖြစ်နေသည့် မျက်တောင်ရှည်လေးများကို Dark ကမြတ်နိုးစွာစိုက်ကြည့်သည်။
မြတ်နိုးလွန်း၍ ကြည့်နေရုံနဲ့တင်မကျေနပ်နိုင်...
ထို့ကြောင့်...
နွေးနေသည့်နှုတ်ခမ်းသားတို့နှင့် မှိတ်ထားသည့်မျက်ဝန်းများကို ခပ်ဖွဖွအနမ်းပေးလိုက်၏။

" ဟွန်း...! "

မျက်ဝန်းလေးတွေကိုပဲနမ်းရသေးသည်။ကိုယ့်ရင်အုံကြွက်သားတွေကို ကယောင်ကတမ်းညှစ်ချလိုက်သည့် Black ၏လက်ချောင်းလေးများ ကြောင့် Dark မှာမပြုံးမိဘဲမနေနိုင်။

တစ်ကယ် ကိုယ်ရည်ရွယ်ထားခဲ့တာက လှပ
သောမျက်ဝန်းလေးတွေမှတစ်ဆင့် ချွန်မြေ့သောနှာတံဖျားလေးတွေ...ထိုမှတစ်ဆင့် ချိုမြန်သောအရသာကိုပေးစွမ်းနိုင်သည့် နှုတ်ခမ်းလွှာလေးတွေဆီသို့ ခရီးဆက်သွားဖို့ပင်...
သို့သော် ဒီထက်ပိုပြီးချစ်ရသူကိုစိတ်ညစ်သွားအောင်မလုပ်ချင်သည့်အတွက်...

" ကိုယ်အပြင်ကစောင့်နေမယ် "

နားရွက်နားကိုကပ်ပြောလာသည့်အသံကြောင့် Black ကမျက်လုံးကိုချက်ချင်းဖွင့်ချလိုက်သည်။
ထိုအခါ  ကိုယ့်မျက်နှာကိုအုံ့မိုးပြီးကြည့်နေရာကနေ လှည့်ထွက်သွားဖို့ကြိုးစားနေသည့် Dark ကြောင့်...

" မသွားနဲ့... "

" ကိုယ်...အင့် "

ဒီတစ်ခါမျက်လုံးမျက်ဆန်အပြူးသားနှင့် ကိုယ့်ကိုယ်ကို ဘာဖြစ်သွားတယ်ဆိုတာကို မယုံကြည်နိုင်လောက်အောင်ဖြစ်နေသည့်လူက Dark ကိုယ်တိုင်ပင်ဖြစ်သည်။
တစ်ကယ်လား...
တစ်ကယ်ပဲဖြစ်နေတာလား အိမ်မက်ပဲမက်နေတာလား...
ဝေခွဲမရသည့်စိတ်နှင့် နှလုံးခုန်သံတွေဇောက်ထိုးမိုးမျှော်ဖြစ်နေတုန်း ပျော့ပျောင်းနူးညံ့သည့်လက်ချောင်းလေးများကလည်ပင်းကို ဖက်တွယ်လာခဲ့လျှင်...

Dark's Black _ Season(1) [Completed]Where stories live. Discover now