အခန်း(၂၀)
" ဒုန်း !..."
တံခါးကိုအရှိန်ဖြင့် ဆောင့်ဖွင့်ပြီးအခန်းထဲသို့ ဝင်လိုက်ရာ မနက်ကတင်မူးပြီးနိုးလာခဲ့သည့်အခန်းထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားသည်။
Dark ကအိပ်ယာဘေးရှိ စာကြည့်စားပွဲဘေးတွင် အံဆွဲအားငုံ့ဖွင့်နေခဲ့သည်။ဘာရှာနေတယ်ဆိုတော့ Black လည်းမသိ။
" ဒါမင်းအခန်းမဟုတ်လား "
Dark ကပစ္စည်းရှာနေရင်းကပင် ခေါင်းညိတ်ပြလိုက်သည်။
" ဒါဆိုအခြားအခန်းမှာငါနေမယ် "
Black ကပြတ်သားစွာ ပြောပြီးသည်နှင့် အခန်းထဲမှလှည့်ထွက်သည်။ထိုအခါ...
" ခဏနေအုံး "
Black က သူ့ဆီသို့ တန်းတန်းမတ်မတ်လျှောက်လှမ်းလာသည့် Dark အားအသက်အောင့်ပြီး ကြည့်နေမိသည်။အကယ်၍ဒီအခန်းထဲမှာပဲ နှစ်ယောက်အတူတူအိပ်ရမယ်လို့ Darkကပြောလာခဲ့လျှင်...
" ဒီမှာသော့...ဘေးမှာမင်းအတွက်အခန်း
ရှိတယ် "" ဟင်း... ! " ဆိုပြီး Black ကသက်ပြင်းတစ်ချက်ချသည်။ပြီးမှ Dark လှမ်းပေးသည့် သော့ကိုလှမ်းယူသည်။
သို့သော် သော့လှမ်းယူသည့်အချိန် Dark ၏ဘယ်ဘက်လက်ချောင်းများအား မရည်ရွယ်ဘဲငေးမိသွားသည်။
အစက Black မှာ လက်ထပ်လက်စွပ်အား သူတစ်ယောက်ထဲ မဝတ်ထားဘူးလို့ထင်ခဲ့
မိသည်။ယခုမှ လက်ထပ်လက်စွပ်ကိုမဝတ်ထားသည့်လူက သူ့အပြင် နောက်တစ်ယောက် ထပ်ရှိနေမှန်းသိလိုက်သည်။" ဘာလဲ မယူတော့ဘူးလား...ဒါဆိုလည်း ဒီအခန်းထဲမှာပဲ... "
" ဘာကိုမယူရမှာလဲ "
သော့အားဆတ်ခနဲ ဆွဲယူပြီး Black ကအခန်းထဲကနေထွက်လိုက်သည်။ဘာကြောင့်မှန်းမသိ လက်ထပ်လက်စွပ်ကို ကိုယ်မဝတ်ထားတုန်းက သူဘက်ကဘယ်လိုခံစားရမယ်ဆိုတာကိုတစ်ခါမှမတွေးမိခဲ့။ယခု Dark ကိုယ်တိုင်ကပါ လက်စွပ်ကို မဝတ်ထားကြောင်းမြင်လိုက်ရသည့်အခါ အမည်မသိသောခံစားချက်လေးတစ်ခု ရင်ထဲမှာဖြစ်တည်သွားသည်။
YOU ARE READING
Dark's Black _ Season(1) [Completed]
Romance" Dark's Black " Season-(1) Start (15.2.2021) ✍ [Darkness's own creation]💯 A novel written with my heart.👨❤️👨 I created a new imaginary life for the two of them 📚