အခန်း(၁၅)
ဦးလေးနှစ်ယောက်က Black အားဖုန်းဆက်ပြီးပြောခဲ့သည်။
ဦးလေးတွေပြောသည့် စကားထဲမှာတော့ Black အတွက် စိတ်ကျေနပ်စရာစကားကတစ်ခွန်း တောင်မပါ။" Black...မင်းရဲ့ စေ့စပ်ပွဲအတွက်ရော လက်ထပ်ပွဲအတွက်ကိုရော ဖိတ်စာတွေအကုန်ရိုက်ခဲ့
ပြီးပြီ "" ငါတို့လည်းမင်းရဲ့ပွဲကိုအမှီပြန်လာရတာမို့အခုအိမ်ပြန်ရောက်နေပြီ "
" ကိုယ့်ဦးလေးတွေကိုလည်း လာကြည့်ပါဦး... မင်းကိစ္စအတွက်နဲ့ ငါတို့မှာဘယ်လောက်တောင် ပင်ပန်းသွားရလဲလို့ "
Black ကနှုတ်ခမ်းသားများကို နာကျင်စွာမဲ့ချလိုက်ပြီး။
" ဖိတ်စာတွေကအဆင်သင့် ဖြစ်ရအောင်...
လူတွေကဘယ်မှာလဲ "" ငါတို့ရဲ့မွေးဖခင်ကြီး ဦးမင်းသော်တာမြိုင်ရဲ့ အစီအစဥ်တွေဖြစ်လို့ ငါတို့လည်းမတော်လှန်ရဲခဲ့တာပါကွာစိတ်မဆိုးပါနဲ့...အဟဲ... ဟိုက တော်တော်ချောတယ်ဆို "
" ဘာလုပ်ရမှာလဲ "
အိမ်ကလူကြီးတွေဘယ်လောက်ထိအောင် အလုပ်ရှုပ်နေကြောင်းကို ဦးလေးနှစ်ယောက်ကတစ်ယောက်တစ်လှည့်စီ ဝိုင်းပြောနေကြသဖြင့် တစ်နာရီနီးပါးလောက်ကြာပြီးမှ Black မှာဖုန်းချလိုက်နိုင်သည်။
ဖုန်းပြောပြီးလျှင်မရည်ရွယ်ပါဘဲ အိမ်ရှေ့ခြံကိုကြည့်လိုက်မိသည်။Dark ကိုဆေးခပ်ခဲ့သည့် Record ကသက်သေအဖြစ် ရှိနေသဖြင့် Black ဘက်ကသူ့အလိုကျလုပ်ပေးရတော့မှာဖြစ်သည်။အကြောင်းစုံကိုသိလိုက်ရသည့်သူငယ်ချင်းတွေမှာလည်း စိတ်မကောင်းရုံမှလွဲဘာမှမတတ်နိုင်ကြ။
ခန့် ကတော့ပြောခဲ့သည်။" အစထဲကမလုပ်စေချင်ဘူး ဒါပေမယ့်... ခန့် တားလည်း Black ကလုပ်မှာပဲမို့ မတားတော့တာ ...အခုလည်း ဘာမှထပ်မလုပ်ပါနဲ့တော့ သူ့ဘက်ကတစ်ခုခုထလုပ်ရင် Black ထိခိုက်မှာစိုးလို့ "
___________________________________________ခန့် ပြောသလိုပင်Black ကိုယ်တိုင်လည်း ဘာပြဿနာမှထပ်ရှာချိန်မရ။
မာမီ ကိုအဖော်လုပ်ပေးရင်း မတွေ့ချင်သည့် Dark တို့မိသားစုနှင့်လိုက်တွေ့ခဲ့ရသည်။
အဘိုး၏သူငယ်ချင်းဖြစ်သည့် Dark ၏ဖခင်ကအရမ်းကိုနုပျိုသည်။
Dark ၏ချောမောလွန်းသည့်ရုပ်ရည်က သူ့မာမီဆီမှအပြည့်အဝအမွေရခဲ့ခြင်းဖြစ်သည်။
မျက်နှာမြင်ချစ်ခင်ပါစေဆိုသော ဂုဏ်ပုဒ်နှင့်
ပြည့်စုံလွန်းသည့် Dark ၏ မိဘနှစ်ပါးကိုတော့ Black ဘယ်လိုမှမဆန့်ကျင်ရက်။
တစ်ပတ်အတွင်း သုံးကြိမ်လောက်ရောက်သွားခဲ့ပေမယ့် Dark ကိုလုံးဝမမြင်ခဲ့ရ။
YOU ARE READING
Dark's Black _ Season(1) [Completed]
Romance" Dark's Black " Season-(1) Start (15.2.2021) ✍ [Darkness's own creation]💯 A novel written with my heart.👨❤️👨 I created a new imaginary life for the two of them 📚