စချစ်မိတာ

1.2K 86 2
                                    

အခန်း(၅၁)

" Black နေဦးလို့ "

" ဒီညအခန်းထဲဝင်မလာနဲ့နော် "

" ဒေါင်... ! "

အိပ်ခန်းထဲဝင်မလာဖို့ ကြိုတားရင်းက ကားသော့ကိုနံရံဆီသို့ပစ်ပေါက်လိုက်သည်။

" မင်းမဝင်ခိုင်းရင် ကိုယ်မဝင်ပါဘူး ဒါပေမယ့် ကိုယ်ပြောတာကိုခဏလောက်တော့နားထောင်ပါအုံး "

" နားထောင်စရာကိုမလိုဘူး... ဟွန်း ...လိုက်သာမလိုက်လာရင် ဒီညအဲဒီမှာပဲမိုးလင်းသွားမယ့်ပုံစံ "

" Black...ကိုယ်ဘယ်နှစ်ခါများ အပြင်မှာမိုးလင်းတဲ့အထိနေခဲ့ဖူးလို့လဲ "

" အရင်ကလည်းလနဲ့ချီထားခဲ့ဖူးတာပဲ "

ဖိနပ်လဲစီးပြီးတာနှင့် အပေါ် ထပ်ဆီသို့ဦးတည်သွားတော့မည်ဆိုတာကိုကြိုသိနေသည့်အတွက် Black ၏လက်ကိုအလျင်မှီအောင် ညာဘက်လက်နှင့် လှမ်းဆွဲလိုက်ရင်း...

" မဟုတ်ဘူးလေ အဲဒီအချိန်တွေတုန်းက ကိုယ့်မှာအကြောင်းကိစ္စတွေရှိခဲ့လို့...မင်းနဲ့မဟုတ်တဲ့ဘယ်လူသားနဲ့မှ ကိုယ်ပျော်နေခဲ့တာမျိုးမရှိဘူး
Black "

" လက်ကိုလွှတ်လိုက် "

အဖြူရောင်တွေချည်းဝတ်ထား၍ လင်းနေအောင်ချောသော မျက်နှာလေးကိုရီဝေစွာစိုက်ကြည့်ပြီး Dark က"ကျစ်" စုတ်သပ်လိုက်သည်။
သိတာပေါ့...ခေမီမွေးနေ့ပွဲကို အသိမပေးဘဲ သွားလို့စိတ်တွေအရမ်းဆိုးနေပြီဆိုတာကို။

မွေးနေ့ပါတီရဲ့အပြင်ဘက်ကိုရောက်ပြီဆိုတာနဲ့ယွန်းတို့အဖွဲ့ကလှမ်းခေါ် တာကိုလည်းလှည့်မ
ကြည့် Dark ကလက်လှမ်းဆွဲတာကိုလည်းအကိုင်မခံ ဘောက်ဆတ်ဆတ်နှင့် ဒေါင်ချာစိုင်းကာ ကားပါကင်ဘက်ကို Black ကအပြေးဆင်းသွားခဲ့ခြင်းဖြစ်သည်။

" လွှတ်လို့ပြောနေတယ်နော်...ငါလက်မပါချင်
ဘူး "

" လုပ်လေ...မင်းစိတ်ကြိုက်လုပ်လို့ရတယ် Black ...ကိုယ့်မျက်နှာကိုထိုးမလား ရင်ဝကိုပိတ်ကန်မလားစိတ်ကြိုက်လုပ်...ကိုယ်ဘာမှပြန်မခုခံဘူး "

" သြော်... "

ခနဲ့သောအကြည့် အရွဲ့တိုက်လိုစိတ်အပြည့်ပါသောအသံနှင့်အတူ Darkဆွဲထားသည့်လက်ကိုBlack ကအတင်းနင်းကန်ရုန်ရင်း...

Dark's Black _ Season(1) [Completed]Where stories live. Discover now