နမ်းလိုက်တာလား

1.2K 85 0
                                    

အခန်း(၃၅)

" မင်း "

သူ မနောက်တတ်တာကို Black သိသည်။အခုတောင် မွေ့ယာပေါ် ကို ရောက်တဲ့အထိ သူလုပ်လာခဲ့တာပဲ။ဒီထက်ပိုတာတွေကို မလုပ်နိုင်ဘူးလို့ ဘယ်သူကသိမှာလဲ။

ယခုစကားပြောနေတာတောင် မျက်နှာကို ထိမတတ်ငုံ့မိုးထားသည့် သူ့ပုံစံကြောင့် Black မှာလက်နှစ်ဖက်စလုံးနှင့်သူ့ရင်ဘတ်ကို အကြောက်အကန်တွန်းထုတ်ထားမိလျက်...

Black ဆီကတွန်းကန်မှုကြောင့် ထင်သည်။Dark ကအနည်းငယ်ကွေးထားသည့် လက်မောင်းအားကိုပြန်ပြီးတောင့်မတ်ထားလိုက်သည်။

ထိုအခါ အရမ်းနီးကပ်လွန်းသည့် မျက်နှာနှစ်ခုက လက်လေးလုံးစာလောက်တော့ နေရာပြန်
ခြားသွားသည်။

စိတ်ညစ်စရာနောက်တစ်ခုက လက်ဖဝါးမှတစ်ဆင့် Black ၏ခန္ဓာကိုယ်အတွင်းပိုင်းဆီသို့ ပူနွေးသောရေပူစမ်းတစ်ခုက အလျင်အမြန်စီဆင်းသွားခြင်းပင်။

ပူလိုက်တာ...
ရင်ပူနေခြင်းဖြစ်သည်။ဒီလိုအနေအထားနဲ့သာ ဆက်နေရမယ်ဆို Black တစ်ယောက်သေသွားတာကမှ ကောင်းအုံးမည်ဟုတွေးလိုက်မိသည်။
အပေါ် ကိုမော့ကြည့်လိုက်တော့လည်း ကိုယ့်မျက်နှာကို မျက်တောင်မခတ်စတမ်း တစိမ့်စိမ့် စိုက်ကြည့်နေသည့်သူ့ပုံစံကြောင့်...

" ငါလည်း အတည်ပြောမယ် Dark ...မင်းမျက်နှာကို ...မဟုတ်ဘူး ..."

Black ကစကားကိုဆက်မပြောဘဲ ငုံ့မိုးနေသော သူ့မျက်နှာမှတစ်ဆင့် အုံ့မိုးထားသော ခန္ဓာကိုယ်အဆုံးထိကိုဝေ့ဝဲကြည့်သည်။ပြီးမှ မျက်ခုံးတစ်ဖက်ကိုပင့်တင်ပြီး...

" မင်းတစ်ကိုယ်လုံးကို ငါ့အပေါ် ကနေဖယ်
လိုက် "

" သြော်...မင်းအပေါ် ကနေလား "

" မင်း... "

ကိုယ်ပြောလိုက်တာ အဲဒီသဘောမဟုတ်။
သို့သော် သူပြန်ပြောသည့်စကားကြောင့် Black မှာမျက်နှာပူသွားသည်။

" Dark "

" ပြောလေ ...ကိုယ်နားထောင်နေတယ် "

နှစ်ယောက်ပဲကြားနိုင်ရုံလေသံနှင့် Dark ကပြောလာသည်။
အတိအကျဆိုရပါလျှင် နှစ်ကိုယ်ကြား သာသီးသန့်ကြားနိုင်ရုံလေသံလေး။
အလွန်ကို တီးတိုးညင်သာစွာဖြင့်။

Dark's Black _ Season(1) [Completed]Where stories live. Discover now