ခေါင်းစဉ်လေးတစ်ခုရှိတယ်

1K 72 0
                                    

အခန်း(၄၅)

" ဒုန်း...! "

တံခါးကအပြစ်ရှိသူတော့မဟုတ်။
သို့သော်ကိုယ်စိတ်ချမ်းသာစေဖို့အတွက်ကို တမင်ဆောင့်ပိတ်လိုက်ခြင်းဖြစ်သည်။

" ဟလို... "

" ဘာလဲ "

" ဟ...လန့်လိုက်တာငါ့တူမှဟုတ်ရဲ့လားလို့မေးစရာကိုမလိုဘူး "

" ဦးသော် လာမနောက်နဲ့နော် "

ဖုန်းကိုနားမှာမကပ်ထားဘဲ လက်ထဲတွင်သာကိုင်ထားပေမယ့် စပီကာကိုဖွင့်ထားသည့်အတွက် ဦးသော်၏အသံကို Black ကရှင်းလင်းစွာကြားနေရသည်။

" မနောက်ရဲပါဘူးကွာ... ငါကအတည်ပြောမလို့ "

" ဘာပြောမှာလဲ "

" မေးမလို့ပဲ "

အိပ်ခန်းထဲကိုရောက်လျှင် Black ကဘေးဘီဝဲယာကိုလှည့်ကြည့်သည်။
တစ်ပတ်တောင်ပြည့်တော့မယ် အခုထိပြန်မရောက်သေးဘူးလားဆိုသည့်အတွေးနှင့်ဒေါသကအလိုလိုထွက်သွားပြီး...

" သတ်ချင်လာပြီနော် "

" အောင်မလေး... ငါ့ကိုလား Black "

" ကျစ်... ဦးသော်ကိုပြောနေတာမဟုတ်ဘူး "

" ဒါဆိုဒေါခွီးနေတာပေါ့ . .ခရီးကပြန်မလာသေး
လို့ "

စိတ်ထဲမှာအတော်လေးကို မကြည်မလင်ဖြစ်နေသည့်အတွက် Black တစ်ယောက်ပြတင်းတံခါးဆီသို့သာ ဆက်တိုက်လျှောက်သွားလိုက်သည်။
လက်တင်လို့ရသည့်အနေအထားမို့ ပြတင်းတံခါးဘောင်ပေါ် တွင် ညာဘက်လက်ကိုတံတောင်ထောက်လျက်သားလေး မေးတင်ထားကာ...

" ဦးသော်ကဘယ်လိုသိတာလဲ ... သူခရီးထွက်သွားတာကို "

" မသိဘဲနေမလား အိမ်မှာဆိုတို့အဖေက အချိန်တိုင်းပြောနေတာမင်းတို့နှစ်ယောက်ရဲ့အခြေအနေကို ...သူ့လူတွေကိုလည်းစုံစမ်းခိုင်းထားပုံရပါတယ်...သူမသိတာဘာမှမရှိဘူး "

" ဟွန်း...အဘိုးကလန့်နေတာနေမှာပေါ့ "

" ဖြစ်နိုင်ပါတယ်သူ့မြေးအကြောင်းကိုသိလို့လေ မင်းတို့နှစ်ယောက်စစဖြစ်တဲ့အချိန်တွေကဆို "

" တော်...တော်လိုက်ဦးသော် ဘာစစဖြစ်တဲ့အချိန်လည်းစကားပြောတာကြည့်ပြော "

Dark's Black _ Season(1) [Completed]Where stories live. Discover now