ခံစားဖူးချင်လိုက်တာ

1K 79 2
                                    

အခန်း(၅၀)

" ကျွီ... ! "

အခန်းတံခါးဖွင့်သံကြားလိုက်သည်နှင့် Black ကဖုန်းကိုပိတ်လိုက်သည်။မပိတ်ရင်သူနဲ့ဆက်ပြီးစကားပြောနေရမှာစိုး၍...
ဖုန်းကိုမီးအိမ်စားပွဲပေါ် သို့လှမ်းတင်ပြီးလျှင် ခွခေါင်းအုံးကိုအလယ်သို့ချထားကာအိပ်နေသည့်ပုံစံသာလုပ်နေလိုက်သည်။
Black ကအရင်နေ့တွေဆိုထိုကဲ့သို့မလုပ်...
လုပ်စရာလည်းမလိုသောကြောင့်ဖြစ်သည်။
ကိုယ်ကသာအအိပ်ကြမ်းပြီး Dark ၏တစ်ကိုယ်လုံးပေါ် ကိုခွလိုက်ဖက်လိုက် ခြေထောက်ပစ်တင်လိုက်နှင့် အမျိုးမျိုးနှိပ်စက်တတ်တာ Dark ကတော့နဖူးလေး ပါးပြင်လေးကို ခိုးနမ်းရုံမှလွဲပြီးဘာမှကျူးကျော်လာခြင်းမရှိ။

" အိပ်နေပြီလား "

ဒါတောင်Black က...အိပ်နေတာမဟုတ်ဘူး အိပ်ချင်ယောင်ဆောင်နေတာလို့ ...စိတ်ထဲကနေပြောလိုက်သေးသည်။
Dark ကမွေ့ယာပေါ် ဝင်မလှဲခင်အရင်ဆုံး Black ၏ဘေးဘက်သို့လျှောက်သွားသည်။
ပါးအောက်တွင်လက်ဖဝါးလေးခုကာ တစောင်းအနေအထားမျိုးအိပ်နေသည့် Black ၏မျက်နှာလေးကို Dark ကဒူးထောက်ချထိုင်ကာငေးသည်။
စာကြည့်မီးလေးသာဖွင့်ထားပေမယ့် မြတ်နိုးတန်ဖိုးထားရသည့်မျက်နှာလေးက လင်းနေအောင်ပေါ် သည်။မျက်လုံးကိုမှိတ်ချထားသဖြင့်
ထူထဲသောမျက်တောင်မွှေးလေးတွေက အပေါ်အလွှာအောက်အလွှာပေါင်းပြီးတောထသည်အထိပိန်းပိတ်နေအောင်လှသည်။ဖြစ်နိုင်မယ်ဆို
ထိုမျက်တောင်ရှည်များ ဘယ်နှစ်ချောင်းရှိတယ်ဆိုတာကို တစ်ပင်ချင်းစီစိတ်ရှည်လက်ရှည်ထိုင်ရေကြည့်ချင်မိသည်။

" မင်းလေ အရမ်းချစ်ဖို့ကောင်းတာပဲ "

တီးတိုးရေရွတ်ပြီးလျှင် Dark က Black ၏နှာဖျားလေးကိုလက်ညှိုးလေးနှင့်တို့ထိသည်။
နှာသီးဖျားလေးကိုတို့ထိပြီးလျှင်
ပါးမို့မို့လေးရှိရာသို့ တဖြည်းဖြည်းရွေ့လျားသည်။

စိတ်ထဲကနေ " လုပ်နေလိုက်အဲဒီမှာ " ...လို့ရေရွတ်ပြီး Black ကလှုပ်ရွချင်နေသည့်စိတ်ကို
မနည်းငြိမ်သက်အောင်ထိန်းထားရသည်။

" ဒီနေ့ဘာမှလည်းသိပ်မစားဘူး... ကိုယ့်ကိုစိတ်ဆိုးနေတယ်ဆိုတာသိပါတယ်...ဒါပေမယ့်
ကိုယ့်ကြောင့်တော့မင်းကိုယ်မင်းထိခိုက်အောင်မလုပ်ပါနဲ့နော်...ကိုယ်ကလေမင်းသတ်မှတ်ပေးတဲ့နေရာတစ်ခုကိုလိုချင်ရုံပါ...မင်းနဲ့လက်ထပ်ထားတယ်ဆိုပေမယ့် မင်းဆီကနေလည်းအများကြီးမမျှော်လင့်ရဲပါဘူး...ချစ်သူလေးဖြစ်ခွင့်ရမလားလို့မေးခဲ့တာတောင်ကိုယ်လေ... ကိုယ့်ကိုယ်ကိုတော်တော်လေးလွန်နေပြီလို့ ခံစားနေမိတယ် Black "

Dark's Black _ Season(1) [Completed]Where stories live. Discover now