မဆိုးဘူး နာမည်ကိုတော့မှတ်မိသေးတာပဲ

1.2K 87 2
                                    

အခန်း (၂၅)

" ပြင်သစ်ကို ဒက်ဒီနဲ့လိုက်သွားရမယ် အလုပ် ကိစ္စကြောင့်မို့ နည်းနည်းတော့ကြာမယ် "

ကြာတာပဲဖြစ်ဖြစ် ခဏပဲဖြစ်ဖြစ် သူနဲ့ပတ်သက်လာလျှင် Black ကဘာမှကိုစိတ်မဝင်စား၍အပို ထပ်ပြီးမမေးဖြစ်...
သူကလည်းဝတ်ကျေတန်းကျေ အသိပေးခြင်းမျိုးပဲလုပ်သွားသည်။

Dark ၏အိမ်ကအိမ်တော်ထိန်းတစ်ယောက်က Black စားသောက်ဖို့ကိုအမြဲလာချက်ပြုတ်ပေးသည်။ဒါတောင်ကိုယ်ငတ်မှာကိုတော့
သူ့ခမျာစိုးရိမ်ပေးရှာသားလို့ယခုထိမတွေး။

သူ့အိမ်ကနေထွက်ပြေးသွားမှာကို စိုးရိမ်သဖြင့် လူယုံထားခဲ့တယ်လို့ပဲတွေးလိုက်မိသည်။

" ခန့် ...ဒီမှာ "

ကိုယ်ထိုင်နေသည့်နေရာကို ရှာနေပုံရသည့်အတွက် Black ကလက်ထောင်ပြလိုက်သည်။
ခန့် ပြန်ရောက်ပြီဆိုသောကြောင့် Sky blue မှာတွေ့ဖို့ချိန်းထားခြင်းဖြစ်သည်။ဒီးတို့မောင်နှမနှစ်ယောက်ကတော့ သူ့မာမီခိုင်းသည့်အလုပ်တွေကို မနားအောင်လုပ်နေရသဖြင့် လာဖို့မအားဟုသာ အကြောင်းပြန်ခဲ့သည်။

ခန့် ကနေကာမျက်မှန်ကို ချွတ်လိုက်ပြီး
ကားသော့နှင့်အတူ ယှဥ်တွဲကာစားပွဲပေါ် ၌တင်ထားလိုက်သည်။တစ်ဆက်တည်းမှာပင် Black နှင့်မျက်နှာချင်းဆိုင် လွတ်နေသည့်ထိုင်ခုံ၌ဝင်ထိုင်သည်။

" ကြာပြီလားရောက်နေတာ "

" အခုလေးတင်ပဲ... ဘာမှတောင်မမှာရသေးဘူး "

" ထွက်လာတာနောက်ကျတော့ ကားပိတ်ချိန်နဲ့တိုးသွားတာ... ဆောရီး "

Black ကပုခုံးကိုတွန့်လိုက်ပြီး ကြည့်လက်စဖုန်းစခရင်ကိုပိတ်လိုက်သည်။ပြီးမှ ခန့် ကိုတစ်ချက်ရယ်ပြကာ...

" ရပါတယ် ကိုယ်ကလည်းတွေ့ချင်နေတာ "

" ပြန်ရောက်တာမကြာသေးလို့ အိမ်မှာလည်းရှင်းစရာကိစ္စလေးတွေရှိနေတာနဲ့ "

" သြော် "

Black က သြော်ဆိုပြီးဘာမှဆက်မပြော။ခေါင်းကိုတစ်ချက်မျှညိတ်ပြီးမီနူးစာအုပ်ဆီသို့ လက်ကရောက်သွားသည်။ပြီးလျှင် စာအုပ်ကိုတစ်ရွက်ချင်းစီလှန်လိုက်ပြီး...

Dark's Black _ Season(1) [Completed]Where stories live. Discover now