ခန့် ဆိုတာ

1.4K 89 0
                                    

အခန်း(၁၆)

" Dark "

" အင်း "

" မင်းတစ်ကယ်ကြီး ယူတော့မှာလား "

ဝီစကီတစ်ခွက်အားရေခဲစပ်နေသည့် ငသစ်ကမေးလျှင်မင်းဟန်ကပါ လက်ညှိုးတရမ်းရမ်းလုပ်၍။

" ဟုတ်တယ် ငါလည်းသိချင်နေတာ ဒီကိစ္စကို "

" မင်းတို့သိထားတဲ့အတိုင်းပဲ "

ရေခဲစပ်သည့် အလုပ်ပြီးစီးသွားသည့်အတွက်ငသစ်က သုံးယောက်စလုံး၏အရှေ့သို့ တစ်ခွက်စီချပေးသည်။

" အတိအကျလေးဖြေပေးပါကွာသိချင်လို့ကို "

" ငါဖြေပြီးပြီ "

" ဟ...!မင်းပြောတဲ့ ငါတို့ သိထားပြီးသားဆိုတဲ့ ကိစ္စ ကမပြည့်စုံဘူးလေကွာ "

" ဟုတ်တယ်လေ ဒီနေ့ငါတို့မင်းအခန်းဆီလာတာ ဒီအကြောင်းကို တိတိကျကျသိချင်လို့ "

Dark ကခေါင်းကိုတစ်ချက်ခါလိုက်ပြီး အရက်ကိုတစ်ငုံမျှသောက်သည်။

" အမလေးနော် မင်းကလည်း သိချင်ပါတယ်
ဆိုမှ "

" ငါကဘာပြောရမှာလဲ "

" မင်း နဲ့ Black က uni တက်ထဲက မတည့်ကြဘူးလေကွာ ဟုတ်တယ်မှတ်လား "

" အဲဒီတော့... "

" မင်းတို့နှစ်ယောက်ဘာကြောင့် တွေ့တိုင်းရန်ဖြစ်နေရတာလဲ "

မင်းဟန် ၏မေးခွန်းကို ငသစ်ကပါ ထပ်မံထောက်ခံပြီး။

" မှန်တယ် ငါလည်းသိချင်တယ် Dark ... မင်းတို့နှစ်ယောက်မျက်နှာချင်း မဆိုင်နိုင်လောက်အောင်
ဘာတွေဖြစ်ခဲ့ကြတာလဲ "

Dark က မျက်နှာအနှံ့အား လက်နှစ်ဖက်နှင့်ဖိအုပ်ကာပွတ်ရင်း။

" အရင်ကအကြောင်းတွေနဲ့ အခုကိစ္စဘာဆိုင်နေလို့လဲ "

" အဟဲ ...ဆိုင်တော့မဆိုင်ပေမယ့် မင်းကအခု Black နဲ့ယူရတော့မှာလေ "

Dark's Black _ Season(1) [Completed]Where stories live. Discover now