2014 ဆိုသည့်ဒိတ်လေး

1.2K 103 3
                                    

အခန်း(၂၄)

Dark ၏အခန်းထဲသို့ဝင်တာ ဒီတစ်ခါနဲ့ဆို
ဒုတိယအကြိမ်မြောက်ဖြစ်သည်။အိမ်မှာပြီးခဲ့
သည့်အပတ်က မာမီတို့နှင့် ထမင်းအတူစားဖြစ်ခဲ့ကြသည်။ဒီအပတ်ကိုတော့ Dark ၏မာမီကထမင်းအတူစားဖို့ တစ်ခါပြန်ခေါ် ခဲ့သည်။
Black ကို ယွန်းတို့အဖွဲ့က စနောက်ကြသည်။အိမ်ထောင်ရေးကံကောင်းတဲ့ သူငယ်ချင်းလေးဆိုပြီး။တစ်ကယ်ပဲ ကံကောင်းနေတာလားတော့
မသိ။

ပြုံးချိုပြီး လိုလေသေးမရှိအောင်ဂရုစိုက်ကြ
သည့် Dark ၏မိဘနှစ်ပါးကြောင့် ကိုယ့်ကိုယ်ကိုငါက ယောကျာ်းပဲရထားတာလား ဒါမှမဟုတ် ကိုယ်ကပဲချွေးမနဲ့တူနေတာလားဆိုပြီး သံသယစိတ်တောင်ဝင်မိသည်။

" ချောက် "

Black ကအိပ်ခန်းမီးကိုဖွင့်လိုက်ပြီးလျှင် ပထမဦးဆုံးကြည့်မိလိုက်သည်က အခန်းပြည့်ကပ်ထား သောနံရံကပ်ပန်းချီကားဆီသို့။

ပန်းချီကားလို့သာ ခန့်မှန်းပြီးပြောရတယ် ဘာပုံမှန်းတောင်ယခုထိ ရေရေရာရာမသိသေး။ဒီအိမ်ကိုရောက်လာပြီဆိုတာနှင့် ထိုပန်းချီကားအကြောင်းကို ပဲသိချင်လာတာဘယ်လိုမှ စိတ်ထိန်းလို့မရ။
ထို့ကြောင့်တမင်ကို အချိန်စောပြီးရောက်အောင်လာခဲ့ခြင်းဖြစ်သည်။Dark ကတော့သူ့အလုပ်ကနေတောင်ပြန်မလာသေး။

Black မှာအရင်တစ်ခေါက်တုန်းက Dark ပြောခဲ့
သည့်စကားကိုပြန်အမှတ်ရသွားသည်။ဖုံးအုပ်ထားသည့်လိုက်ကာတွေကိုဖယ်ချဖို့ ရီမုတ် လိုတယ်လို့။

ထို့ကြောင့် ပန်းချီကားဆီသို့မလျှောက်သွားသေးဘဲ ဘေးဘီဝဲယာကိုအရင်ကြည့်သည်။
ဘာပစ္စည်းမှ များများစားစားမရှိကြောင်းကို အရင်တစ်ခါကလည်းသတိထားမိခဲ့သည်။
သေချာပတ်ပြီး စာအုပ်စင် စားပွဲ အံဆွဲများကို ရှာဖွေကြည့်ရာအချိန်တောင်သိပ်မကုန်လိုက်...
တွေ့သွားလို့တော့မဟုတ်...

" ကုန်နေပြီရှာစရာလည်းမရှိတော့ဘူး "

Black ကသက်ပြင်းကိုလေးပင်စွာချသည်။
သူတစ်ပါးအခန်းထဲကို ကာယကံရှင် မသိဘဲရှာဖွေနေတာအပြစ်ရှိမှန်းသိသည်။သို့သော် ယခုကသူနဲ့လက်ထပ်ထားပြီးပြီ။Dark ဘက်က
က မင်းကိုငါပိုင်တယ်လို့ပြောလာရင် ဒေါသတကြီးငြင်းပယ်တတ်ပေမယ့် ယခုလိုပိုင်စိုးပိုင်နင်းလုပ်ရပ်များကို ကိုယ်တိုင်လုပ်မိပြီဆိုရင်တော့
ထိုစကားကိုအနည်းငယ်မျှလက်ခံမိသည်။
ကိုယ်စောက်ချိုးမပြေတာကို ကိုယ်ကိုယ်တိုင်လည်းသိသည်။
မပြင်နိုင်တာလေးတစ်ခုပဲ...

Dark's Black _ Season(1) [Completed]Where stories live. Discover now