ပါးတွေတောင်သွေးပေါက်ထွက်တော့မယ်

1.2K 79 2
                                    

အခန်း(၃၄)

" ဘယ်ကိုလဲ "

အဆွဲခံလိုက်ရသည့် ညာဘက်လက်ကို Black ကချက်ချင်းပြန်ငုံ့ကြည့်သည်။ဘယ်အချိန်ပဲကြည့်
လိုက်ကြည့်လိုက် သူ့လက်စောင်းတွင်ရှိသော ရှည်လျားသည့် မွှေးညှင်းစိမ်းများက တစ်မျိုးလေးဆွဲဆောင်မှုရှိသည်။

Black တစ်ယောက်ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်နေတာ...
သေသေချာချာသတိထားကြည့်မိမှ သူရဲ့ကြီးမားသော လက်ဖဝါးထဲတွင် ကိုယ့်ရဲ့လက်ကောက်ဝတ်လေးက အမြဲအကူအညီမဲ့စွာ ရုန်းလို့မရခဲ့။
မရမယ့်အတူတူ Black ကလည်းအသားအနာခံပြီး ရုန်းမနေတော့။

" ဖုန်း လာယူတာ... ငါ့အခန်းထဲမှာပဲပြန်နေမလို့ "

အဖျားရှိသည့် သုံးရက်တာကာလအတွင်း Black ကသူ့အခန်းထဲမှာပဲ အိပ်ခဲ့ရသည်။
ထိုသုံးရက်တာကာလအတွင်း နှစ်ယောက်သား စကားလည်းသိပ်မများဖြစ်။
အဆင်ပြေလာသော ဆက်ဆံရေးကြောင့်တော့မဟုတ်။

Black တစ်ယောက် အဖျားကြောင့် ဇီဇာမကြောင်နိုင်ခြင်းဖြစ်သည်။
ကုတင်ပေါ် မှာပဲ တစ်နေ့ တစ်နေ့ သူတိုက်သမျှ သူကျွေးသမျှတွေကိုစားလိုက် အိပ်လိုက်နှင့် အချိန်တွေက ကုန်မှန်းမသိကုန်သွားခဲ့သည်။

ပထမနှစ်ရက် Black အဖျားသိပ်မကျသေးသည့် အချိန်မှာ Dark ကအလုပ်ကိုတောင်မသွားခဲ့။မနေ့ကမှ အဖျားတော်တော်လေးမရှိဘဲ Black သက်သာသွားပြီ ဆိုမှအလုပ်ကိုသွားခဲ့သည်။

" ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ "

အတည်ကြီးမေးနေတာလား...
Black တောင် ကြောင်ပြီးဘာဆက်ပြောရမည်မသိ။
သူ့ကိုကြည့်တော့လည်း ရေချိုးခန်းထဲက ထွက်လာခါစ ခါးစပ်မှာတဘက်တစ်ထည်ပဲ ပတ်ထားသည်။ကျစ်လျစ်ပြေပြစ်သောကြွက်သားထုပေါ် တွင် ငွေမှင်ရောင်ရေစက်ရေသီးလေးများက တွဲလွဲခိုနေလျက်။

ကိုယ်လည်း ကျန်းမာကြံ့ခိုင်သော ဘော်ဒီကိုပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ပါ။နေ့တိုင်း အားကစားမလုပ်ခဲ့သည့် အချိန်ဆိုတာမရှိ။

သို့သော်ယခု မျက်စိထဲမှာမြင်နေရသည့် ဝမ်းဗိုက်ကြွက်သားတွေနှင့် လက်မောင်းသားတစ်လျှောက်ရှိဖုထစ်ထနေသော အသားထစ်အသားစိုင်များက ယောကျာ်းလေးအချင်းချင်းကိုတောင် ရင်သပ်ရှုမောဖွယ်ရာတွေ ဖြစ်စေသည်။

Dark's Black _ Season(1) [Completed]Where stories live. Discover now