လက်ထပ်ပြီ

1.7K 105 2
                                    

အခန်း(၁၇)

စေ့စပ်ပွဲပြီးတာနှင့် တစ်လပဲကြာသည်လက်ထပ်ပွဲကိုဆက်တိုက်ကျင်းပလိုက်သည်။
နှစ်ပွဲစလုံးကို Black ၏မိသားစုအိမ်မှာပဲကျင်းပခဲ့သည်။

Black ဘက်ကအကျဉ်းချုံးပဲလုပ်စေချင်တာကိုမိဘများကလိုက်လျောပေးခဲ့သည်။အဘိုးဖြစ်သူကတော့ သိပ်သဘောမကျ။သူအချစ်ဆုံးမြေး၏ပွဲကိုကြီးကျယ်ခမ်းနားစေချင်သည်။
သို့သော် မြေးစိတ်ဆိုးမှာကြောက်၍ ထပ်ပြီးအထွန့်မတက်ရဲ။
လူများများမဖိတ်ဖို့ Dark ဘက်ကလည်း တောင်းဆိုခဲ့သည်။

စေ့စပ်ပွဲပြီးတာတောင် ပြုံးရယ်ချင်းအလျဉ်းမရှိသည့်ကာယကံရှင်နှစ်ယောက်၏ အမူအရာကြောင့် အကျဉ်းချုံးလုပ်ချင်သည့်ဆန္ဒကို အားလုံးကသဘောတူခဲ့သည်။
အနောက်နိုင်ငံမှာသာ အနေများသည့် Dark တို့မိသားစုကြောင့် ဧည့်ခံပွဲများကို အနောက်တိုင်းဆန်ဆန်ပင် ပြုလုပ်ခဲ့သည်။
Blackဘက်က စိတ်လိုလက်ရ တောင်းဆိုခဲ့သည့် ကိစ္စကနှစ်ခုသာရှိသည်။
ဝတ်သမျှဝတ်စုံတိုင်းက အနက်ရောင်ဖြစ်ဖို့
ဖို့နှင့် လူအများကြီးမဖိတ်ဖို့ပင်။

" ချီးယားစ်.... "

" ချွင် ..."

" ဟ...ဖြည်းဖြည်းလုပ်ပါဟ... ကွဲနေပါအုံးမယ် "

" အဟွန်း "

Black ကမစိုးရိမ်နဲ့ ဆိုသည့်သဘောနှင့် လက်ကာပြကာ အရက်ကိုပုလင်းလိုက်မော့သည်။
ခန့် ကတော့ဘာစကားမှ များများစားစားဝင်မပြော။

" Black ဒီညကနင့်ရဲ့လူပျိုနောက်ဆုံးညနော် အဟိ "

" ဖူး... ဖလူး..."

" အဟွပ် ...ဟွပ်..."

ယွန်း ပြောလိုက်သည့် စကားကြောင့် Black ပါးစပ်ထဲသို့ဝင်ပြီးသွားသည့် အရည်များကအကုန်ပြန်ထွက်ကျသည်။

" မင်းကြီးတော်ကို နောက်ဆုံးည "

" မင်းကလည်းယောကျာ်းလေး အချင်းချင်းမရှက်ပါနဲ့ကွာ "

အမြည်းကိုအရသာခံဝါးစားနေသည့် ယွန်းကဒီး၏ပုခုံးအားဖတ်ခနဲဆို လှမ်းရိုက်ကာ...

Dark's Black _ Season(1) [Completed]Where stories live. Discover now