နမ်းခဲ့ကြတာကိုပြောချင်တာလား

1.3K 87 0
                                    

အခန်း (၃၂)

ဘာတွေဘယ်လိုသွားလုပ်လိုက်သည်မသိ။
တစ်ခဏအတွင်းမှာကို Black သဘောကျနှစ်ခြိုက်သည့် ပုစွန်ဆန်ပြုတ်မွှေးမွှေးက အဆင်သင့်ကိုမျက်စိရှေ့သို့ရောက်လာသည်။

ဆန်ပြုတ်က အရမ်းပူသောအခြေအနေမဟုတ်၍ Dark ကိုတောင်ဘာမှမမေးတော့ဘဲ သူအပြင်ပြန်ထွက်သွားသည်နှင့် တစ်ပန်းကန်လုံးကို အကုန်ကုန်အောင်သောက်ချလိုက်သည်။
ပြီးလျှင်ပြောင်စင်သွားပြီဖြစ်သော ပန်းကန်လုံးကို နှမျောတသကြီးစွာ ကြည့်လိုက်ပြီး စားပွဲပေါ် သို့ပြန်တင်ထားလိုက်သည်။

ခဏကြာလျှင် Dark က အခန်းထဲသို့ပြန်ဝင်လာခဲ့သည်။Black ကိုကြည့်လိုက်သောအခါ ခေါင်းအုံးတွေကို ခပ်လျောလျောအနေအထားပင် ကျောနှင့်ကပ်မှီထားသည်။
ပထမတစ်ခေါက် သူဝင်လာတုန်းကတော့ ကျောပေးကာမှိန်းနေသည့်အနေအထားမျိုးဖြစ်သည်။

Dark က Black ကိုသာစိုက်ကြည့်နေရင်းရေချိုးခန်းဘက်သို့လျှောက်သွားလိုက်သည်။Black ကတော့ တစ်ချက်တောင်မော့မကြည့်။ဆရာဝန်ပေးထားခဲ့သည့် ဆေးပညာနှင့်ပတ်သက်သော ဆောင်းပါးစာအုပ်ကို စိတ်မဝင်စားဘဲဖတ်နေလိုက်သည်။

Dark ကရေချိုးခန်းထဲကပြန်ထွက်လာကာ
လက်ထဲတွင်ရေဇလုံနှင့်တဘက်ကိုကိုင်ထားလျက်။
ရေဇလုံကိုစားပွဲပေါ်သို့လှမ်းတင်လိုက်စဥ် တစ်ဆက်တည်းခုံပေါ် ၌တင်ထားခဲ့သည့် ပြောင်သလင်းခါနေသော ဆန်ပြုတ်ပန်းကန်လုံးကိုတွေ့လိုက်ရသည်။

အကုန်လုံးကိုတောင် သောက်လိုက်တယ်ဆိုတော့ တော်တော်လေး ဆာနေခဲ့ပုံရသည်။ထိုသို့ဖြစ်မယ်ဆိုတာကိုကြိုသိ၍ တမင်သောက်လို့ရမည့်အနေအထားမျိုး အအေးခံပေးထားခြင်းဖြစ်သည်။
နှုတ်ခမ်းကိုမသိမသာပင့်တင်ပြုံးရင်း Dark ကဆေးခွက်ကိုလှမ်းယူလိုက်သည်။

" ဆေးသောက်ရမယ် Black "

Black ကသူပြောတာကိုကြားလိုက်ပေမယ့် တမင်စာအုပ်ကိုသာ ဂရုတစိုက်ဖတ်သည့်ပုံစံမျိုးလုပ်နေလိုက်သည်။

စားပြီးသည့်ပန်းကန်လုံးကို သူမြင်ပြီးသွားလောက်ပြီဆိုတော့မျက်နှာလည်းအနည်းငယ်ပူသွားမိသည်။
သူကျွေးတာကိုစားပြီး ကျေးဇူးတင်စကားကိုကျတော့ တစ်ခွန်းတောင်မပြောဖြစ်သည့်အတွက်။

Dark's Black _ Season(1) [Completed]Where stories live. Discover now