မင်းထိရဲရင်ထိကြည့်ပေါ့

1.2K 86 1
                                    

အခန်း(၃၃)

" နမ်းခဲ့ကြတာကိုပြောချင်တာလား "တဲ့။

ယခုလိုပေါ် တင်ကြီးပြောလာမယ်လို့ Black မထင်မိခဲ့။တစ်ကယ်လို့ သူမေးတာကိုပြန်ဖြေရမယ်ဆိုရင်လည်း ...အမှန်ပဲပေါ့ ကိုယ်ကမူးနေခဲ့တာလေ။စိတ်ထဲမှာပြောချင်နေသည့် ကိစ္စကိုသူကဘာကြောင့် သိနေရတာလဲ။

ကိုယ့်ဘက်ကစိတ်ရင်းမပါခဲ့ဘူးလို့ ပြောလိုက်ရတာကိုကျေနပ်ပေမယ့် သူနဲ့မျက်နှာချင်းဆိုင်ပြီး ယခုလိုပြောဆိုနေရတာကိုတော့ Black မကြိုက်။
အကြောင်းမှာ ယခုနောက်ပိုင်း Dark ဆီကနေဘာစကားပဲကြားရကြားရ မရိုးမသားပြောင်းလဲသွားတတ်သည့် ကိုယ့်ရင်ခုန်သံတွေကြောင့်။

" ဒိန်း "ခနဲ ပစ်ဆောင့်သွားတတ်သည့် နှလုံးသားတစ်စုံကြောင့်လည်း ကြာရင် ဟက်အတက်ခ် ရကာရှော့ခ်ဖြစ်သွားနိုင်သည်။
ထို့ကြောင့်...

" ဘာတွေလာပြောနေတာလဲ မင်းရေပတ်တိုက်ပေးမလို့မှတ်လား "

စကားလမ်းကြောင်းလွဲချင်၍ ရေပတ်တိုက်သည့် ကိစ္စကိုအလျှော့ပေးတော့မည့်ပုံစံ။Dark ကခေါင်းကိုတစ်ချက်မျှခါလိုက်ပြီး တဘက်ကိုလှမ်းယူလိုက်သည်။ပြီးတာနှင့် Black ၏ လည်ပင်းသားထက်သို့ တဘက်ကိုခပ်ဖွဖွ အနေအထားမျိုးဖိပွတ်ရင်း...

" ကိုယ်ကတော့ စိတ်ထဲကပါလို့လုပ်ခဲ့တာတွေချည်းပဲ "

သေလိုက်ပါတော့...
တွေးနေတုန်းရှိသေး ဗရမ်းဗတာ ဖြစ်သွားပြန်
သည့် နှလုံးခုန်သံကြောင့် မွေ့ယာကို လက်
နှင့်မသိမသာဆုပ်ကိုင်မိသွားသည်။
လည်ပင်းမှာလည်း ရေပတ်ဝတ်တစ်ထည်တင်ထားတာကို မသိရင်အင်းစက်ပိုးမွှား အကောင်တစ်ထောင်လောက်လာပြီးတင်ထားသလို မျိုးစိတ်ထဲမှာမရိုးမရွခံစားနေရလျက်။

" မင်းကို..."

" တော်.... တော်လိုက်တော့ Dark "

မရတော့...
ရင်ထဲမှာဘယ်လိုမှ မခံစားနိုင်တော့။
သူပြောတဲ့စကားတွေကိုသာ ဆက်ပြီးနားထောင်နေရမယ်ဆို လူလည်းတစ်ကိုယ်လုံး သပြေသီးမှည့်ရောင်အဖြစ်ကာလာပြောင်းသွားနိုင်သည်။

" ကိုယ်လည်ပင်းကိုပဲတိုက်ပေးရသေးတယ် "

" ပေးတော့ အဲဒီအဝတ်ဆေးချိတ်ထားတာလည်းခဏနေရင်ကုန်တော့မှာ ငါ့လက်နဲ့ငါတိုက်လိုက်မယ် "

Dark's Black _ Season(1) [Completed]Where stories live. Discover now