မင်းရွံလို့လား

1.7K 103 2
                                    

အခန်း (၁၈)

Black ကမျက်လုံးများအားမဖွင့်ခင် မနေ့ညကဘယ်လိုအခြေအနေဖြစ်ခဲ့လဲ ဆိုတာကိုပြန်စဥ်းစားသည်။ညက ဒီးတို့အဖွဲ့နှင့်သောက်နေကြစဥ်
Dark ရောက်လာခဲ့သည်။
နောက်ပိုင်းအကြောင်းအရာများကိုတော့ လုံးဝမမှတ်မိ။

" အဟွပ်... ဟွပ် "

မျက်လုံးများအားဖွင့်ချလိုက်စဥ် မြင်လိုက်ရသည့် ဓာတ်ပုံကြောင့် စောစောစီးစီး
Black ချောင်းတဟွပ်ဟွပ်ဆိုးသွားသည်။

နှစ်ယောက်သား ဝိုင်ခွက်ကိုယ်စီကိုင်ထားရင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သဘောတကျရယ်နေသည့်ပုံက အခန်းထဲတွင်အပြည့်နေရာယူထားသည်။
လက်ထပ်ပွဲနေ့က ရိုက်ထားသည့်ပုံ။

ဓာတ်ပုံဆရာ၏ ကျွမ်းကျင်မှုကြောင့်ဖြစ်မည်။
Black ဘက်ကစိတ်လွတ်ကိုယ်လွတ်ရယ်မိသွားသည့်အချိန်အားအမိအရ ရိုက်ယူထားခဲ့သည်။
Black မှာခေါင်းကိုဘယ်ညာခါရမ်းရင်း ခန္ဓာကိုယ်အား ပြန်ငုံ့ကြည့်လိုက်သည်။

" shit ..."

အပေါ် ပိုင်းမှာက ဘာအဝတ်အစားမှမရှိနေ။
ဘာကြောင့် ခန္ဓာကိုယ်ပေါ် မှာ အဝတ်အစားတွေကပ်မနေရတာလဲ။
အောက်ပိုင်းမှာရော။
သိချင်​ပေမယ့်စောင်ကိုဖယ်ဖို့ စိတ်ကမဝံမရဲဖြစ်နေခဲ့သည်။

" ဂလောက်... "

တံခါးဖွင့်သံနှင့်အတူ မမြင်ချင်သည့်မျက်နှာတစ်ခုကမြင်ကွင်းထဲသို့ အထင်းသားဝင်ရောက်လာခဲ့သည်။
ရေချိုးပြီးခါစဖြစ်မည်။မခြောက်သေးသည့် စိုစွတ်သော ဆံသားများက ဟိုတစ်စု ဒီတစ်စု
ပြန့်ကြဲနေခဲ့သည်။

" ဒါဘယ်သူ့အိမ်လဲ "

" ငါတို့အိမ်လေ "

" ဘာ!... "

Dark ကလက်ထဲရှိတဘတ်ကို ညာဘက်ပခုံးပေါ် သို့ ပစ်တင်လိုက်ကာ။

" မသိဘူးလား ဒီအိမ်မှာအတူတူနေဖို့ ပြောပြထားပြီးသား "

" အိမ်ကလူကြီးတွေကို မင်းပြောခဲ့တာက ဘာမှလက်မဖွဲ့ဖို့ပါ "

Dark's Black _ Season(1) [Completed]Where stories live. Discover now