အခန်း(၁၃)
ကားမောင်းနေတုန်းက ငြိမ်နေပေမယ့် ခြံထဲသို့ မောင်းဝင်လိုက်သည့်အခါ ဇာတ်လမ်းကစလာတော့သည်။
လူးလွန့်နေသည့် Black ကိုတစ်ချက်ငဲ့ကြည့်ပြီးနောက် Dark က ကားပေါ်မှဆင်းကာ Black ရှိနေသည့် ဘက်ကိုလျှောက်သွားသည်။
ပြီးလျှင် ကားတံခါးကိုဆွဲဖွင့်၍ ကားခါးပတ်ကြိုးအား ဖြုတ်ပေးဖို့လုပ်သည်။" မင်း... "
ပူနွေးသွားသည့် လည်ပင်းကိုအုပ်ကိုင်၍ Dark မယုံကြည်နိုင်ဖြစ်သွားသည်။Black ကသူ့ကိုနမ်းလိုက်တယ်တဲ့လား။
" အင်း ! "
မျက်နှာအားအနီးကပ်ငုံ့ကြည့်နေစဥ် လည်ပင်းကို ထက်မံရစ်ခွေ လာသည့်လက်များကြောင့်။
" Black "
" မခေါ်နဲ့ "
Black ကလုံးဝမငြိမ်။ကားခါးပတ်ကိုဖြုတ်ပေးနေသည့်တစ်လျှောက် Dark လည်ပင်းတစ်ဝိုက်အား မထိတထိနမ်းရှိုက်နေခဲ့သည်။
ဘယ်လိုပင်ထိန်းထိန်း ကမူးရူးထိုး ဖြစ်နေသည့် Black လုပ်ရပ်များကြောင့် မူမမှန်သလိုမျိုးခံစားနေရသည်။
ပြာလဲ့လဲ့အလင်းအရောင်လေးရှိကာ အမြဲကြည်တောက်နေတတ်သည့် Black ၏မျက်ဝန်းအစုံမှာ ယခုအနီရောင်ရင့်နေခဲ့သည်။" မင်း ...မဟုတ်ဘူး "
ညှို့ယူဖမ်းစားနေသော Black ၏အကြည့်များကို မမြင်ချင်ယောင်ဆောင်ရင်း Dark က ကားထဲမှပွေ့ချီထုတ်သည်။
အိမ်ထဲသို့ရောက်သွားလျှင် ဧည့်ခန်းရှိဆိုဖာခုံပေါ် သို့ Black အား တင်ထားလိုက်သည်။
ပြီးလျှင်ခြံတံခါးများကို ဆင်းပိတ်ပြီး Black ရှိနေသည့်ဆိုဖာခုံဆီသို့ ပြန်လျှောက်သည်။" ကျွတ်...မင်း ဘာတွေလုပ် "
အိမ်ထဲသို့ဝင်ဝင်ချင်း အင်္ကျီကြယ်သီးများကို ဆွဲဖြုတ်ထားသည့် Black ကိုမြင်လိုက်ရသည်မို့ Dark မျက်လုံးပြူးသွားသည်။
ထိုစဥ်မှာပင် Black ကလှဲနေရာမှထပြီး Dark ဆီသို့ ကြိုးစားပမ်းစားလျှောက်လာသည်။

YOU ARE READING
Dark's Black _ Season(1) [Completed]
Romance" Dark's Black " Season-(1) Start (15.2.2021) ✍ [Darkness's own creation]💯 A novel written with my heart.👨❤️👨 I created a new imaginary life for the two of them 📚