ဒီတစ်ခါတော့ ရှိစေတော့

1.2K 93 1
                                    

အခန်း (၂၃)

ဒီရက်ပိုင်း အရိပ်ကောင်းကောင်းရသည့် ခြံတွေကို Black သဘောကျနေမိသည်။
အဲကွန်းလေထက် သဘာဝသစ်ပင်များကပေးသည့်အေးမြသောလေနုအေးတွေကို ပိုပြီးနှစ်ခြိုက်လာမိသည်။

ဆိုးတော့မဆိုးပါ ...
Dark ၏ခြံကလည်း ကိုယ်သဘောကျနှစ်ခြိုက်သည့်အချက်တွေနှင့်တော်တော်များများ ပြည့်စုံနေခဲ့သည်။

ပေါ် တင်ထုတ်မပြောဖြစ်ပေမယ့် အရင်ကကိုယ်တစ်ယောက်ထဲနေခဲ့သည့်အိမ်မှာထက် ပိုပြီးနေလို့ကောင်းနေတာတော့အမှန်...

မြွေလိမ်မြွေကောက်ပုံစံကားလမ်းကြောင်း၏ ဘေးတွင်အစီအရီစိုက်ပျိုးထားသည့်ခရေပင်များနှင့် အနီးဆုံးဆိုသောနေရာ၌ Black က ခြေပစ်လက်ပစ်ထိုင်ချပြီး ဂိမ်းဆော့နေလိုက်သည်။

" ဝူး...! "

" ကျွီ!... "

ကားရပ်သံကြောင့် Black ကမျက်လွှာကိုပင့်တင်လိုက်သည်။Dark ကအိမ်ထဲမှာရှိနေတာဆိုတော့ ဒီကားကဘယ်သူ့ကားလဲ။
စိတ်ဝင်စားတာမဟုတ်ပေမယ့် မျက်မှောင်ကချက်ချင်းကုတ်ချီသွားသည်။ထိုအချိန်မှာပင်
ခဲပုပ်ရောင်ပြိုင်ကားလေး၏ တံခါးမှန်ကလျှောခနဲအောက်ကျသွားကာ...

" ဟိုင်း... Dark အထဲမှာရှိလား "

ပြီးခဲ့သည့်ရက်ကစင်တာတွင် Dark နှင့်အတူတွဲပြီးတွေ့လိုက်ရသည့်မိန်းကလေး။
Black ဘာစကားမှပြန်မပြောဘဲအိမ်ထဲသို့သာမေးဆတ်ပြလိုက်သည်။

" အိုး... သင့်ခယူ "

အိမ်ရှေ့သို့မောင်းဝင်သွားသည့်ကားကို လိုက်ကြည့်မနေတော့ဘဲ Black ကဂိမ်းသာပြန်ဆော့နေလိုက်သည်။

" ဟွန်း... "

ဖုန်းကိုကိုင်ထားရင်းက Black မှာနှုတ်ခမ်းထောင့်သားတွေကိုတစ်ချက်ကိုက်သည်။
အိမ်ထဲမှာဘာတွေပြောနေကြမလဲ ဆိုသည့်အတွေးမျိုးကို စိတ်ရှုပ်ခံပြီးတောင်မတွေးချင်တော့...

ဂိမ်းကိုသာအာရုံပြန်စိုက်ပြီး သတ်စရာရှိသည့် အကောင်များကိုအားရပါးရသတ်နေလိုက်သည်။

" သေစမ်း...သွားစမ်း "

သတ်ချင်ဖြတ်ချင်စိတ်တွေအရမ်းများနေလို့ပဲလားမသိ ပွဲတိုင်းကိုဆက်တိုက်အောင်မြင်စွာကျော်ဖြတ်သွားနိုင်သည်။ထိုင်ဆော့နေတာ ဘယ်လောက်တောင်ကြာသွားသည်မသိ...
အနောက်ဘက်တွင်လူတစ်ယောက် လာရပ်
နေတယ်လို့သံသယစိတ်ဝင်သွားမှ...

Dark's Black _ Season(1) [Completed]Where stories live. Discover now