မင်းတစ်ယောက်ထဲကိုသာပထမဆုံး

1.8K 85 11
                                    

အခန်း(၆၀)

ဖွဖွလေးနမ်းလိုက်တယ်ဆိုပေမယ့် ပိုးသားလို နူးညံ့သောနှုတ်ခမ်းလွှာလေး၏ အထိအတွေ့အား Dark ကမြတ်နိုးစွာသိမ်းဆည်းလိုက်သည်။
ဘယ်အရာကမှဝင်ရောက်နှောင့်ယှက်ခြင်းမပြုနိုင်သော တစ်ခုတည်းသာရှိသည့် နှလုံးသား၏ အနက်ရှိုင်းဆုံးသောနေရာလေးဆီ၌။

" အဟွန်း... "

နမ်းပြီးတာနှင့် သူ မဟုတ်တော့သလိုမျိုး မျက်နှာကိုချက်ချင်းပြန်လှည့်သွားသည့် Black ကြောင့် Dark ကသဘောကျစွာပြုံးသည်။
ကိုယ့်နှလုံးသားထဲမှာတော့ သူ့အနမ်းတစ်ချက်ကြောင့် ရထားတွေတစ်စင်းပြီးတစ်စင်းခုတ်မောင်းသွားသလိုမျိုးကမ္ဘာပျက်နေတာ။
သူကတော့အမြဲအဲဒီလိုပင်။

Black ဘက်ကဘယ်လိုအပြုအမူမျိုးကိုပဲလုပ်နေပါစေ...
ကိုယ့်ဘက်က အပြစ်မမြင်နိုင်လောက်အောင် စွဲလမ်းနေရသည်မို့ လက်ထဲတွင်ကိုင်ထားဆဲဖြစ်သည့် Black ၏ ညာဘက်လက်ချောင်းများကို
ပွတ်သပ်နေရင်းက...

" ကိုယ့်ကိုပြုစားပြန်ပြီ...မင်း "

ပြောနေရင်းက Black ၏လက်ခုံလေးကို Dark ကနွေးထွေးစွာအုပ်မိုးလိုက်သည်။
ထိုကဲ့သို့အထိအတွေ့လေးကြောင့် တလက်လက်ကြည်တောက်သော မျက်ဝန်းအိမ်ကြီးနှင့် Black ကချာခနဲနေအောင်ပြန်ငုံ့ကြည့်လာပြီး...

" အင်း...မတတ်နိုင်ဘူး...ဒီလိုပဲ..."

" အဟွန်း..."

Dark မှာကျူးကျော်ချင်နေသည့် စိတ်ကိုဒီထက်ပိုထိန်းထားနိုင်စေဖို့ နှုတ်ခမ်းသားတွေကိုလျှာနှင့်သပ်သည်။မဟုတ်ရင် ကိုယ့်စိတ်တွေက အနီးကပ်ကြီး ညှို့ယူနေသောချယ်ရီရောင်နှုတ်ခမ်းသားတွေကိုသာ ပြစ်မှားနေခဲ့သည်မို့။

စိတ်တွေကိုထိန်းချုပ်ထားနိုင်ပေမယ့် သိမ်းပိုက်
ခွင့်ရထားသည့် လက်ချောင်းသွယ်လေးများကိုတော့ Dark ကမက်မောစွာထွေးဆုပ်ထားဆဲဖြစ်သည်။

" ဒီလိုပဲတဲ့လား ..."

တီးတိုးစွာပြောနေသည့်စကားကို ဂရုမစိုက်ခဲ့
သည့်အချိန်တုန်းကတော့ မကြားရင်မကြားမယ်...
ယခုလိုအချိန်မျိုးမှာတော့ သူဘာပြောပြောအကြားအာရုံတွေကအရမ်းကောင်းပြီး စွတ်အတင်းကိုသဘောပေါက်နေသည့်အတွက် Black ကတမင်မကြားချင်ယောင်ဆောင်လိုက်ရသည်။

Dark's Black _ Season(1) [Completed]Where stories live. Discover now