ဂေးတဲ့လား မဖြစ်နိုင်တာ

1.5K 102 0
                                    

အခန်း(၁၁)

" ခန့် "

" ဟင် "

သူငယ်ချင်းလေးယောက်စလုံး အသံတိတ်နေကြတာ အချိန်အတော်လေးကြာနေပြီဖြစ်သည်။
စားပွဲပေါ် ရှိစားသောက်စရာများမှာလည်း အေးစက်ကုန်ပြီဖြစ်သည်။

" နင်ရော သူ့ကိုဘယ်လိုမြင်လဲ "

" ဘယ်သူ့ကိုလဲ "

" ဟ အခုပဲ Dark အကြောင်းပြောနေကြတာ မဟုတ်ဘူးလား သူ့ကိုပြောတာပေါ့ဟ "

ခန့် မျက်နှာကမသိမသာ ပျက်ယွင်းသွားသည်။
သို့သော်ခဏတာပဲဖြစ်ကာ ပျက်သွားသည့်မျက်နှာအား အချိန်မီပြန်ပြင်သည်။

" မပြောတတ်ဘူး Black ပြောပုံအရဆိုရင်တော့
တမင်အကျပ်ကိုင်ချင်တာလား မိသားစုက စီစဉ်လိုက်လို့ပဲလား "

သူငယ်ချင်းတွေပြောနေတာကို Black ကမကြား။
တစ်ယောက်ထဲ ထိုညကကိစ္စကို ပြန်တွေးရင်းအတွေးနယ်ချဲ့နေမိသည်။

ထိုညက ...
ပါးကိုမထိတထိလာပွတ်သည့် Dark လုပ်ရပ်ကြောင့် Black ခဏတော့ကြောင်သွားသည်။
ဒါတင်မက အိမ်မက်ထဲကလိုပုံစံမျိုး Dark ကနှုတ်ခမ်းသားများကို လက်မနှင့် ခပ်ကြမ်းကြမ်းဖိပွတ်လာသည်။

" သိချင်လား "

" ငါကမိန်းကလေးမဟုတ်ဘူးလေ "

" ငါကလည်းမိန်းမ မကြိုက်ဘူး "

" ဘာ...! "

အထိတ်တလန့်ထအော်ပြီးလျှင် Black က ခြေလှမ်း​များကို အနောက်သို့ဆုတ်သည်။
သို့သော်ခါးကိုခပ်တင်းတင်း သိမ်းဖက်လိုက်သည့် Dark လုပ်ရပ်ကြောင့် တုပ်တုပ်ပင်လှုပ်မရဖြစ်သွားသည်။

" မင်း...မင်း ဘာပြောလိုက်တယ် "

" ငါက ဂေး "

ရှင်းသွားပြီဖြစ်သည်။
ဒီထက်ပိုပြီးတော့လည်း မေးစရာမလိုတော့။
အဖြေကသူလုံးဝမထင်ထားခဲ့သည့် အရာ။
သူ့လိုလူက ဂေး တဲ့လား။
မဖြစ်နိုင်တာကြီးကို။

Black မှာ ရုတ်တရက် ဆူစီ မျက်နှာကိုမြင်ယောင်မိလိုက်သည်။
အရမ်းကိုချစ်ရပါသော ငယ်သူငယ်ချင်းလေး။
Black မှာ ဆူစီအား ညီမလေးတစ်ယောက်လို မျိုးဂရုစိုက်ပြီး ချစ်ခဲ့သည်။

Dark's Black _ Season(1) [Completed]Where stories live. Discover now