မင်းကြောင့်ပဲဖြစ်တည်လာခဲ့တာ

1.1K 90 6
                                    

အခန်း (၄၇)

ဝုန်းခနဲကုတင်ပေါ် ကနေဆင်းချလိုက်
သည့်အတွက် ခေါင်းထဲမှာမိုက်ခနဲတော့ဖြစ်သွားခဲ့သည်။
သို့သော် ခေါင်းကိုတစ်ချက်မျှသာခါလိုက်ပြီးလျှင် အနောက်ဘက်သို့ ခြေတစ်လှမ်းချင်းဆုတ်နေသည့် Black ၏လက်မောင်းသားကိုလှမ်းဆွဲသည်။
ကိုင်လိုက်သည့် လက်ခုံသားတစ်လျှောက်တွင် သွေးများကယိုစိမ့်ကျနေသော်လည်း Dark ၏အာရုံကထိုလက်ဆီမှာမရှိ။

" ဘာဖြစ်လို့ အဲဒီလိုလုပ်ရတာလဲ "

စို့နင့်စွာရင်ခေါင်းထဲက ထွက်လာသောအသံနှင့်မေးခွန်းထုတ်ပြီးလျှင် Dark ကBlack ၏မေးဖျားလေးကိုစိုးရိမ်တကြီးလှမ်းကိုင်၏။
ထင်ထားသည့်အတိုင်းကို တစ်ဖက်သို့ချာခနဲနေအောင်လှည့်သည့် Black ၏မျက်နှာကြောင့်...

" Black... ကိုယ်ပြောနေတယ် "

Dark ကကျန်လက်တစ်ဖက်နှင့်ပါ Black ၏သွယ်လျသောမျက်နှာလေးကိုပြန်လှည့်ယူပြီးပြောသည်။

" ကျွတ်...! "

တကျွတ် ကျွတ် စုတ်သပ်ကာပျစ်ခဲနေသောသွေးစီးကြောင်းအား Dark ကလက်ဖနှောင့်သားနှင့်
ခပ်ဖွဖွလေးသုတ်သည်။သုတ်နေရင်းတောင် ထပ်မံစီးကျနေသေးသည့် သွေးစီးတွေကြောင့် Dark ၏မျက်ခုံးနှစ်ဖက်က အလိုလိုစုကျုံ့သွားသည်။
ဘာဖြစ်လို့သွေးကအကျမရပ်သေးရတာလဲ...

စိုးရိမ်စိတ်အပေါ် မှာမှ သံသယစိတ်ကထပ်ဆင့်
သွားပြီးမျက်လွှာကိုပင့်ကြည့်လိုက်လျှင်...

" Black ...မင်း "

မြင်လိုက်ရသည့်မြင်ကွင်းကြောင့် Dark မှာပျာပျာသလဲနှင့် Black ၏အောက်နှုတ်ခမ်းလွှာလေးကိုလက်မလေးနှင့်တို့ထိကာ...

" လွှတ်တော့လေ "

ရင်ဘတ်ထဲမှာစူးပြီးအောင့်သွားတာက ကိုယ့်အသားနာကျင်နေလို့မဟုတ်။
ကိုယ့်ကြောင့်သူဒီလိုနာကျင်နေရပါလားဆိုသည့်စိတ်က အရှင်လတ်လတ်ကိုယ့်အသားကိုဓားနှင့်မွှမ်းလိုက်တာထက်ဆိုးသည်။

" Blackကိုယ်ပြောနေတယ်နော် ...နှုတ်ခမ်းကိုလွှတ်လိုက်တော့လေ "

ပြောနေတာတောင်ကိုက်ထားသည့် နှုတ်ခမ်းကို Black ကယခုထိမလွှတ်။

Dark's Black _ Season(1) [Completed]Where stories live. Discover now