2004 born

1.1K 82 3
                                    

အခန်း(၄၄)

နားထဲမှာပဲ့တင်ထပ်နေသည်က " ချစ်တယ် " ဆိုသော သူပြောလိုက်သည့် စကားသံ...
Black မှာခဏတာအသိစိတ်လွတ်ခြင်းနှင့်အတူ ခန္ဓာကိုယ်ကပါတောင့်ခနဲ ဖြစ်သွား၏။
သူဆုပ်ကိုင်ထားသည့် လက်ကိုလည်းရုန်းဖယ်ဖို့သတိကမရ...

ကိုယ်မေးလိုက်တာက သူအဲဒီလိုဖြေဖို့အတွက်ဖြစ်သွားတာလား...
ဒါမှမဟုတ် ကိုယ့်ဘက်ကပဲသူဒီလိုပြောလာတာကိုကြားချင်နေတာလား...
အခုကြားလိုက်ရပြီဆိုတော့ရော...
ဘယ်လိုခံစားလိုက်ရလဲ...

အိုး...
ဘယ်လိုပြောရမလဲ...
ဘေးနားမှာ Dark မဟုတ်တဲ့အခြားလူတစ်ယောက်သာ ရှိနေမယ်ဆို Black အော်ပြောလိုက်မည်။
ငါ့တစ်ကိုယ်လုံးကို နာကျင်အောင်အားရပါးရထုရိုက်ကြစမ်းပါလို့...
ဒါမှကိုယ်အသက်ရှင်နေသေးတယ်ဆိုတာကိုသိရမှာ...

" Black "

ငါ့ကို ခေါ် နေတာ Dark လား...
ဒါဆို ငါကအခုထိ သူ့ရှေ့မှာပဲရှိနေသေးတာပေါ့။

" Black "

ကိုယ့်မျက်နှာကိုကြည့်နေတယ်လို့ထင်ရပေမယ့် သေချာကြည့်လိုက်မှ တစ်ခုခုကိုတွေးတောနေ
သည့်ဟန်ရှိသည့် Black ၏ပုံစံကြောင့်...

" Black ကိုယ်ပြောတာကြားလား "

" shit... ! "

သေစမ်း...
သူ့ရှေ့မှာသာရှိနေသေးသည့် ကိုယ့်ခန္ဓာကြောင့် အသိစိတ်ပြန်ကပ်လာသည်နှင့် တစ်ပြိုင်နက် Black တစ်ယောက် ကမူးရှူးထိုးလှည့်ထွက်သည်။သို့သော်...

" ဘယ်သွားမလို့လဲ "

ဘေးဘက်လေးကိုတောင် စောင်းငဲ့ကြည့်တာမျိုးမလုပ်ဘဲ Black ကအခန်းတံခါးဘက်ကိုသာမျက်နှာလွှဲထားလျက်...

" ပြန်မလို့... စောနကလည်းပြောလိုက်သေးတယ်မဟုတ်လား "

ဘေးတစောင်းတင်မဟုတ် လည်ပင်းကိုအုန်းလွှဲလောက်သည်အထိအသားကုန်လိမ်စောင်းပြီးဘာမှမဖြစ်သလို စကားပြန်ပြောသည့် Black ၏ပုံစံကြောင့် ...

" ဒါပေမယ့်အဲဒီစကားရဲ့နောက်မှာ ... ကိုယ်တို့စကားတွေအများကြီးထပ်ပြောဖြစ်သေးတယ်လေ "

မှန်တာပေါ့...
အဲဒီအချိန်ထဲက သူပြောတာကိုဆက်နားမထောင်ဘဲ လှည့်ပြန်လိုက်ရမှာ...
အခုတော့...
Black မှာသူ့ရှေ့ကနေ ချက်ချင်းလက်ငင်းကိုအခိုးအငွေ့တွေအဖြစ်ကွယ်ပျောက်သွားချင်မိသည်။ထို့ကြောင့်သူဆွဲထားသည့်အတိုင်းကို တန်းလန်းကြီးမခွဲနိုင်မခွာနိုင်ဖြစ်နေသည့်
လက်ကိုပြန်ဆောင့်ရုန်းသည်။

Dark's Black _ Season(1) [Completed]Where stories live. Discover now