စောက်ရမ်းချောတဲ့နေရာမှာနှစ်ယောက်မရှိဘူး

1.3K 90 4
                                    

အခန်း(၃၁)

မရတော့...
ဒီလမ်းချိုးလေးမှာတင်ရပ်နေလို့မဖြစ်...

ဖုန်းပြောပြီးသည့်တိုင်အောင် မရပ်မနားဆက်ပြီးလျှောက်လာသည့် Dark ၏ခြေသံကြောင့်ဘက်က အနောက်ဘက်ကိုပိုလျှောက်လိုက်သည်။

သူ့ခြေသံနှင့်ဝေးရာကို လျှောက်ရင်း လျှောက်ရင်း နောက်ဆုံးရေချိုးခန်းထဲသို့သာဝင်လိုက်ရသည်။သို့သော် ကိုယ့်ကုသိုလ်ကံအကြောင်းကိုကိုယ်သိသည်။

Dark ဆိုသည့်လူကရေချိုးခန်းထဲကိုလည်း အချိန်မရွေးဝင်ရောက်လာနိုင်သဖြင့် Black မှာပုန်းဖို့အဆင်ပြေသည့်နေရာဖို့အရင်ရှာလိုက်သည်။

တွေးနေတာတောင် နောက်ကျနေအုံးမည်။
အနောက်ဘက်ခြမ်းသို့ဆက်တိုက်လျှောက်လာသည့် Dark ၏ ခြေသံကိုပါကြားလိုက်ရလျှင်။

မတတ်နိုင်...
ဖြစ်ချင်ရာဖြစ် Dark ၏အရှေ့မှာတော့ သူ့အခန်းထဲကိုဆက်တိုက်ခိုးဝင်သည့် လူတစ်ယောက်အဖြစ် မျက်နှာပူစွာရင်မဆိုင်ချင်...
ထို့ကြောင့်ဆုံးဖြတ်ချက်ကိုချလိုက်သည်။ခိုင်မာသည့်ဆုံးဖြတ်ချက်နှင့်အတူ Black ကအသက်ကိုခပ်ပြင်းပြင်းရှုသွင်းလိုက်သည်။

ကိုယ့်အဖြစ်ကဘာနဲ့တူနေသလည်းဆိုရင် ချိန်ကိုက်ဗုံးတစ်လုံးထောင်ထားတာကို အနီးကပ် ကြီးထိုင်ကြည့်နေရသည့်လူလို။
အချိန်တဖြည်းဖြည်းကုန်လာတာနှင့် အုန်း ခနဲထပေါက်ကွဲတော့မည့် ဗုံးကိုမကြောက်မလန့်ဖက်ထားရသည့်အတိုင်း။

တဖြည်းဖြည်းနီးကပ်လာသည့်ခြေသံကြောင့် Black မှာအသက်ကိုဝအောင်ရှူသွင်းထားသည့် ပုံစံအတိုင်း ကိုယ်ရှောင်ပုန်းမည့်နေရာကို ကြည့်လိုက်သည်။အဆင်သင့်ကို ဆပ်ပြာအမြှုံ့များနှင့်သင်းပျံ့မွှေးကြိုင်နေသော ရေချိုးကန်။ဘယ်လောက်တောင်ကြီးကျယ်မြင့်မြတ်နေ လိုက်လည်းဆိုတာ လူနှစ်ယောက်သုံးယောက်လောက်ကအသာလေးဝင်စိမ်နိုင်လောက်သည်အထိသူ့ရေချိုးကန်ကို ရှယ်ကိုင်ထားသည်။

" ချောက် "

ရေချိုးခန်းတံခါးကိုဖွင့်ချလိုက်သည့် အသံအားကြားလိုက်ရသည့်နှင့် Black မှာမျက်လုံးမျက် ဆန်ပြူးသည်အထိ အသက်ကိုရှူသွင်းရင်းကန်ထဲသို့ခုန်ဆင်းလိုက်သည်။

Dark's Black _ Season(1) [Completed]Where stories live. Discover now