အခန်း(၉)
" Black မင်း ငါ့စိတ်ကိုစမ်းနေတာလား "
" အဆက်အသွယ်ဖြတ်ထားတာနဲ့ ပဲ ငါကလက်လျှော့မယ်လို့ ထင်နေတာလား ငါကမင်းနေတဲ့နေရာကိုမသိဘူးဆိုတော့လေ "
" ပြောတာကို နားမထောင်ဘူးဆိုရင်တော့ ဟေ့...နောက်မှ ငါ့အဆိုးမဆိုနဲ့ "
" စေ့စပ်ပွဲကနေ လက်ထပ်ပွဲဖြစ်သွားမယ်နော် "
"သား မင်းတစ်ခါလောက်တော့ တွေ့ကြည့်လိုက် မင်းအဘိုးက ပြောရင်တစ်ကယ်လုပ်တာနော် "
" မင်းဒက်ဒီ ငါက မင်းအဘိုးစကားကို အခုအချိန်ထိ နားထောင်နေရတာ မင်းသိပါတယ် "
" မာမီပြောမယ်သား ချွေးမမရပေမယ့် သားမက်ဆိုလည်းမဆိုးပါဘူးကွယ် သားနှစ်ယောက်ရတယ်လို့ပဲ မာမီသတ်မှတ်တယ် ယောကျာ်းလေးချင်းဆိုတော့ သိပ်ပြီးညှိစရာမလိုတော့ဘူးပေါ့ "
အင်တာနက် ဖွင့်လိုက်တာနှင့် တတောင်တောင် တက်လာသည့်မက်ဆေ့များကြောင့် Black ခေါင်းပါချာချာလည်မူးသွားသည်။
" အား ...ဘာတွေလဲ "
လူကြီးများကိုတမင် အဆက်အသွယ်ဖြတ်ထားတာက ဤကိစ္စကြီးအား သဘောမတူကြောင်း
သိစေချင်၍ဖြစ်သည်။သူငယ်ချင်းများကို ပြောပြတော့လည်း ဒီးတို့မောင်နှစ်မနှစ်ယောက်စလုံးက အတော်လေးအံ့သြကြကာ။
" မင်းတို့ မိသားစုကတစ်မျိုးပဲနော် တခြား ဂေးစုံတွဲတွေဆို အိမ်ကသဘောမတူရတာနဲ့ပတ်ဝန်းကျင်ကကဲ့ရဲ့ရတာနဲ့ အမျိုးမျိုး ပြဿနာတွေဖြေရှင်းနေရတာ မင်းတို့ကျမှ တမင်ကိုပေးစားရတယ်လို့ "
" ဒီးပြောတာမှန်တယ် ယွန်းတို့သိတဲ့ couple ဆိုမိသားစုက အမွေပြတ်စွန့်လွှတ်လိုက်လို့ အခုအချိန်ထိ နိုင်ငံခြားကနေပြန်ကိုမလာတော့ဘူး Black တို့မိသားစုစိတ်ဓာတ်ကိုတော့ တစ်ကယ်လေးစားတယ် "
စေ့စပ်ပွဲဖျက်ချင်လို့ သူတို့ဆီကအကြံညဏ်ကိုတောင်းလိုက်ကာမှ အဘိုး၏စိတ်ဓာတ်အား လေးစားဂုဏ်ပြုသည့် ချီးကျူးသံများကိုသာကြားခဲ့ရသည်။

YOU ARE READING
Dark's Black _ Season(1) [Completed]
Любовные романы" Dark's Black " Season-(1) Start (15.2.2021) ✍ [Darkness's own creation]💯 A novel written with my heart.👨❤️👨 I created a new imaginary life for the two of them 📚