ကိုယ်ကသဘောကျနေတယ်

1.1K 81 8
                                    

အခန်း(၃၉)

" ကိုယ်ပေးချင်တာ... "

" ဘယ်သူမှမမေးဘူး မင်းကို "

ရီဝေဝေ နှင့် ညှို့အားကောင်းလွန်းသည့် သူ့မျက်ဝန်းတွေကို Black ကဆက်ပြီးရင်မဆိုင်ချင်။
သူပြောလာမည့် စကားဆိုရင်တော့ပိုဆိုးသွားပြီ။
ထို့ကြောင့် စကားကိုအချိန်မီဖြတ်ပြီး မျက်နှာကိုအခြားတစ်ဖက်သို့လှည့်လိုက်သည်။သို့သော်...

" မင်း "

လှည့်လိုက်တာနောက်ကျသွားသည်။အကြောင်းမှာဆတ်ခနဲ ကိုယ်ကိုပြန်မတ်ကာ လက်နှစ်ဖက်စလုံးနှင့် Black ၏မျက်နှာလေးကိုဖမ်းယူလိုက်သည့် Dark ကြောင့်။
ကြီးမားပေမယ့် အရမ်းကိုနူးညံ့သောလက်ဖဝါးများဖြစ်သည်။
ကျယ်ပြန့်သော သူ့လက်ဖဝါးကြားထဲမှာ Black မှာကိုယ့်မျက်နှာကိုပြန်ရုန်းဖို့သတိမရ။

" ကိုယ်သိတာပေါ့ အရမ်းသိတယ် "

တစ်ယောက်ကခံစားချက်တွေကို အစွမ်းကုန်မြိုသိပ်ထားရင်း မြတ်နိုးရတဲ့မျက်နှာလေးကို မချင့်မရဲထိတွေ့နေစဥ် အခြားတစ်ယောက်က ဘာဖြစ်လို့ ကိုယ့်ကိုဒီလိုပုံစံမျိုးလုပ်နေတာကိုမှ နှစ်သက်သလိုခံစားနေမိတာလဲလို့ နားမလည်နိုင်စွာတွေးသည်။

နားထောင်လို့ကောင်းသည့် သူ့စကားသံတွေကိုလည်း နှစ်လိုစွာကြားချင်နေမိသည်။
လိုလိုလားလားကို ကိုယ့်စိတ်ထဲကကြားချင်နေမိသည့်အတွက် မူးနေတဲ့လူက ကိုယ်များဖြစ်နေတာလားလို့တွေးလိုက်မိသေးသည်။

" ဒါပေမယ့် ...ကိုယ်ပြောပြချင်တယ် "

" မင်းမူးနေပြီ "

" အဟွန်း "

အရမ်းကိုကြည့်ကောင်းလွန်းသည့်အတွက် ကိုယ့်ရှေ့မှာတော်ရုံမပြုံးပါနဲ့လို့ ခဏခဏ ဆုတောင်းခဲ့ပေမယ့် တစ်ခါမှလည်းထိုဆုတောင်းကမပြည့်။

Black မှာမျက်တောင်ခတ်ဖို့တောင် သတိမရတော့သည်အထိ သူ့အပြုံးတွေကိုငေးမောနေမိသည်။
ဒီလောက်တောင်ကြည့်ကောင်းလွန်းသည့် အပြုံး...
ပြုံးလိုက်တိုင်း ချောလွန်းသည့်မျက်နှာကိုတောင် ထပ်အားနာမိအောင် ချောပြီးရင်းထပ်ချောနေသည့် သူ့မျက်နှာ...

Dark's Black _ Season(1) [Completed]Where stories live. Discover now