Dark က Black ကို

3.5K 174 0
                                    

အခန်း(၂)

' ဟေး... နင်တို့သိပြီးပြီလား ...မနေ့က Black ရဲ့အဖြစ်ကို '

' ဘာကိစ္စလဲ ယွန်း...ပြောစရာရှိရင်အမြန်ပြော Black ကပြန်လာတော့မှာ '

' ဒီလိုလေ ...'

ယွန်းက ပြောစရာရှိတာကို အမြန်မပြော။
လက်ထဲတွင်ကိုင်ထားသည့်ဝိုင်ခွက်အား လှပစွာလူးလိမ့်ရင်း အရှိန်ယူနေခဲ့သည်။

' အေ့ ... ဆက်မပြောနဲ့တော့ Blackပြန်လာပြီ '

ယွန်း ကဆက်ပြောမည့်စကားကို အချိန်မီရပ်တန့်လိုက်သည်။ပြီးလျှင် Black လျှောက်လာသည့် အနောက်ဘက်သို့လှည့်ကြည့်လိုက်ကာ...

' အခြေအနေကတော့ မကောင်းဘူးထင်တယ်တယ်နော်... ဒီး ညနေကတွေ့မိသေးလား Dark ကို '

' သတိမထားမိဘူး ခန့်ရော '

ဒီး ဆီက မေးခွန်းကို ခန့် ကခေါင်းခါ​ပြီးပြန်ဖြေလိုက်သည်။
ထိုအခါ ယွန်း တို့မောင်နှမနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက် စိုက်ကြည့်ရင်း အတွေးများသွားသည်။

' ဟူး...! '

Black ကဆိုဖာပေါ် သို့ ခြေပစ်လက်ပစ်ထိုင်ချရင်း သက်ပြင်းတစ်ချက်ချသည်။
နူးညံ့သည့်နှုတ်ခမ်းသားများကိုတော့ သွေးပင်ပေါက်ထွက်မတတ်ကိုက်ထားသည်။

' Black...နင် '

စိုးရိမ်တကြီးမေးကြတော့မည့် သူငယ်ချင်းများကို Black ကလက်ကာပြလိုက်သည်။ယခုအချိန် Black စကားပြောချင်သည်က ခန့် တစ်ယောက်ထဲကိုဖြစ်သည်။

' ခန့် '

ခြောက်ကပ်စွာထွက်လာသည့်​ခေါ်သံကြောင့် ခန့် ကခေါင်းတစ်ချက်ညိတ်​ပြလိုက်ပြီး...

' ပြောလေ '

' မင်း လူတစ်ယောက်ကို သတ်ပစ်ချင်လောက်တဲ့အထိမုန်းဖူးလား '

' ...... '

ခန့် ဆီက​ဘာဖြေသံမှမကြားရလျှင် Black က ' ဟွန့် ' ခနဲမဲ့သည်။

' ထားပါ ... မင်းတို့​တွေငါ့ကြောင့်စိတ်ညစ်... '

' မုန်းဖူးတယ် ...ဒါပေမယ့် '

' ဟင် ! '

ဒီတစ်ခါတော့ ဒီးနှင့်ယွန်း ကပြိုင်တူပင် ခန့် ကိုလှည့်ကြည့်ကြသည်။
Black ကဘယ်ဘက်မျက်ခုံးကို အသာပင့်တင်ရင်း...

Dark's Black _ Season(1) [Completed]Where stories live. Discover now