မဆိုးဘူးအဘိုးရဲ့အကွက်တွေသိပ်လှတယ်

1.7K 131 3
                                    

အခန်း(၅)

' ရေး...! '

ခန့် ကလက်များမြှောက်ကာ ပျော်မြူးနေသည့် Black အားကားမောင်းနေရင်းကလှည့်ကြည့်သည်။

ချောင်းသာသွားမယ်လို့ Black ကတောင်းဆိုသဖြင့် ထွက်လာခဲ့ကြတာ ယခုဆိုခရီးလမ်းတစ်ဝက်ပင်ရောက်လာပြီဖြစ်သည်။
ပုံမှန်ဆို Black ကဒီးတို့မောင်နှမနှစ်ယောက်နဲ့သာ ခရီးထွက်တတ်သည်။
ခန့် ကခရီးထွက်ဖို့ဆို တော်ရုံအဖော်စပ်လို့မရ။
ခရီးပန်းလာရင်လည်း အနည်းဆုံးနှစ်ရက်သုံးရက်လောက်က အိပ်ယာထဲလှဲနေရတတ်သည်။

' ခန့် '

' အင်း '

' ကျေးဇူးပဲ မင်းလိုက်လာပေးလို့ '

ခန့် ကခန္ဓာကိုယ်တစ်ခုလုံးအား အနီရဲရဲတွေချည်းတောက်နေအောင် ဝတ်ဆင်ထားသည်။
Black ကတော့ထုံးစံအတိုင်း အနက်ရောင်တွေချည်းကိုသာ အပေါ် အောက်ဝတ်ဆင်ထားသည်။
​နေကာမျက်မှန်တပ်ထားသဖြင့် ထူထဲ​သောမျက်တောင်ရှည်များဝန်းရံသည့် မျက်ဝန်းအစုံအား ရှင်းလင်းစွာမမြင်ရ။
သို့သော် Black စိတ်ချမ်းသာနေမယ်လို့တော့ အပြည့်အဝယုံကြည်သည်။

' မလိုပါဘူး ခန့်လည်း ခရီးထွက်ဖြစ်တာပေါ့ '

' မဟုတ်ဘူးလေ ...ခန့် အတွက်ခရီးထွက်ဖို့ဆိုတာက လုံးဝမလွယ်ကူဘူး  ... အခုဆို Black အတွက် တကူးတက​ကြီးလိုက်လာ​ပေးတာ ကိုယ်ကကျေးဇူးတင်တာပေါ့ '

တစ်ခါတစ်လေ Black က သူ့ကိုယ်သူ ' ကိုယ် ' ဆိုပြီးနာမ်စားသုံးပြောတတ်တာကို ခန့် သဘောကျသည်။
အခြားလူတွေထက်စာရင် ကိုယ့်အား အမြဲဂရုတစိုက်ရှိ​နေပေးတတ်တာကိုလည်း အရမ်းကျေးဇူးတင်သည်။

' အဘိုးကို တစ်ကယ်မကြောက်ဘူးလား ...ခဏနေကိုးနာရီထိုးတော့မယ်နော် '

' ကားကိုသာဖြောင့်ဖြောင့်မောင်းပါ ...Black က ကိုယ့်ကိစ္စကိုယ်ပိုင်အောင်လုပ်တတ်တယ် အေးဆေး '

' ဟုတ်လှချည်လား '

ခေါင်းကိုတညိတ်ညိတ်လုပ်ရင်း Black ကပီကေတစ်ခုကိုပါးစပ်ထဲပစ်ထည့်သည်။

Dark's Black _ Season(1) [Completed]Where stories live. Discover now