အခန်း(၃၀)
အသားကအရမ်းဖြူလွန်း၍ ဒဏ်ရာကနီသည့်အဆင့်တောင်မဟုတ်တော့။ ညိုပြီးအကွင်းလိုက်ကိုသပြေသီးမှည့်ရောင်ပေါက်နေခဲ့သည်။
မနေ့က တံခါးကြားညှပ်ခဲ့သည့်ဒဏ်ကြောင့်ဖြစ်သွားတာဖြစ်မည်။" သွားလေ... ဘာမှမဖြစ်ဘူးကိုယ်က "
ကိုယ်ကရောဖြစ်နေတယ်လို့ထင်နေတာလား...
အိုး...အနေသာကြီးကို။သူ့ဘာသာမိုက်ရူးရဲဆန်ပြီး လက်ထိုးထည့််လိုက်တာကို ကိုယ်နဲ့ဘာဆိုင်လို့လဲ...
အနေသာကြီး...ဒါပေမယ့်ဘာဖြစ်လို့ လှည့်မထွက်နိုင်ရတာလဲ။
သူ့လက်ကိုကိုင်ထားပြီးလျှင် Black မှာငူငူကြီးရပ်နေမိလျက်..." Black "
" ဟင် "
ထူးလိုက်တာတောင် အသံသာထွက်ပြီး အသက်မပါသည့်လူတစ်ယောက်လို။
" အပြင်သွားမယ်ဆိုနောက်ကျတော့မယ် "
" သြော်... အင်း "
Black က သူ့လက်ကိုပစ်ချလိုက်သည်။သို့သော်မျက်လုံးတွေကိုတော့ ယခုအချိန်ထိသူ့လက်ဆီကနေမခွာနိုင်သေး။ဒါပေမယ့် ကိုယ့်စိတ်ကိုပြန်ထိန်းသည်။
သူဒီလိုဖြစ်တာကိုဝမ်းသာရမှာမဟုတ်လား။ကိုယ်ကသူ့ကိုမုန်းနေတဲ့လူပဲ။
ဟုတ်တယ်...
မုန်းတယ်...Black ကဆတ်ခနဲဆိုသလိုမျက်နှာကိုပြန်မော့
ကြည့်သည်။
ထိုသို့ပြန်မော့လိုက်သည့်အချိန်တွင် မျက်နှာကိုလည်းချက်ချင်းပြန်ပြင်ပြီးသား။
ဘာကိုမှ မမြင်လိုက်သည့်ပုံစံမျိုးနှင့်..." ဒါပေါ့နောက်ကျတော့မယ် ...အခုပဲသွားမှဖြစ်မယ်"
" အင်း... သွားလေ "
" အိုခေ "
" Black "
အပြင်သို့ပြန်လှည့်ထွက်ခါနီး Dark ဆီက ခေါ် သံကြောင့်...
" ဘာလဲ "
" ကိုယ်နဲ့အတူပြန်နေပေးပါ...အခုဘယ်ခရီးမှလည်းထွက်စရာမရှိတော့ဘူး "
" အဲဒီတော့ "
မမြင်ချင်တော့ပါဘူးဆိုမှသူ့လက်အဝှေ့ ဖြူဝင်းနေသောအသားပေါ် ရှိ ကြည့်မကောင်းအောင်ဖြစ်နေသောဒဏ်ရာကိုထပ်တွေ့လိုက်ရသည်။

YOU ARE READING
Dark's Black _ Season(1) [Completed]
Romance" Dark's Black " Season-(1) Start (15.2.2021) ✍ [Darkness's own creation]💯 A novel written with my heart.👨❤️👨 I created a new imaginary life for the two of them 📚