အခန်း(၄၈)
" အဟမ်း...အဟမ်း "
" အဟွပ်...ဟွပ် "
" ရင်ကျပ်နေတာလား "
Black ကရင်ခွင်ထဲတွင်ပိုက်ထားသည့် ခေါင်းအုံးကိုဒီးတို့မောင်နှမနှစ်ယောက်ဆီသို့ပစ်ပေါက်သည်။
မပြောပြလို့ကလည်းမဖြစ်...
ကိုယ့်ခံစားချက်တွေကိုရင်ဖွင့်စရာက ဒီသူငယ်ချင်းတွေပဲရှိတာမို့...
သို့သော် ရင်ဖွင့်ခဲ့တဲ့စကားတွေထဲမှာ အနမ်းတွေအကြောင်းကတော့ မပါဝင်ခဲ့။" အဟဲ...ဟဲ "
" ဘာရယ်တာလဲ "
" မရယ်ပါဘူး သဘောကျလို့ပါ "
ယွန်း ကမျက်ခုံးတွန့်ပြီး ဒီး ဘက်ကိုပါမျက်စပစ်ပြသည်။
ထိုအခါ ဒီးက..." မုန်းလှပါချည်ရဲ့ မလိုချင်ပါဘူးဆိုပြီး ဖြစ်ခဲ့တာဘယ်သူများပါလိမ့် "
" ဒီး "
ဒီး ဆိုပြီး Black ၏လက်ကနောက်ထပ်မွှေးပွအရုပ်ဘက်ကိုလှမ်းလျှင် ယွန်း ကဒီးဘက်ကိုလက်ကာပြ၍...
" အိုခေ... ဒီး နင်တော်လိုက်တော့ ကြာရင်ငါတို့
ဧည့်ခန်းထဲက ပစ္စည်းတွေအကုန် ဘဝဆုံးသွား
လိမ့်မယ် "" ပိတ်လိုက်ပြီ...နားပဲထောင်မဝေဖန်နဲ့ဆိုတဲ့ကိုယ့်လူအကြောင်းကိုကိုယ်သိပြီးသား "
သိရင်ပြီးတာပဲ ဆိုသည့်သဘောနှင့် Black က နှုတ်ခမ်းကိုမဲ့သည်။
ပြီးမှ တစ်ကယ်ပဲထိုသို့ဖြစ်နေပြီလားလို့ ပြန်စဥ်းစားမိသည်။
ဝေဖန်တာကို မကြိုက်တာတော့မဟုတ် ...
သို့သော် ...
ဖြစ်နိုင်တာက ရှက်နေတဲ့စိတ်ကြောင့်သာ အစမခံနိုင်ခြင်းဖြစ်သည်။" ဒါဆို သေချာတယ်... Black နင်သူ့ကိုစိတ်ဝင်စားနေပြီ "
" ဘာကြောင့်လဲ "
မျက်နှာချင်းဆိုင်ထိုင်နေကြသည့် ဒီးနှင့်ယွန်း ကို လက်ပိုက်ကာခပ်လျှောလျှော အနေအထားနှင့် Black ကမေးသည်။
" နင်ပဲသူ့ကိုကြည့်မရဖြစ်ခဲ့တာလေ အခုကျတော့သူ့အနားမှာနင်မရှိဘဲအခြားမိန်းမတစ်ယောက်ရှိနေတာကို မကြိုက်ဘူးမှတ်လား "
Black ကမျက်ခုံးတစ်ဖက်ကို ဆတ်ခနဲနေအောင်ပင့်တင်သည်။
မကြိုက်တာထက် မခံချင်တဲ့စိတ်တွေကြောင့်သာ ကိုယ့်ခံစားချက်ကိုမထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုနေ့ကအကြောင်းကိုပြန်စဥ်းစားလိုက်သည့်အခါ တော်တော်လေးကိုခေါင်းနပန်းပါကြီးသွားခဲ့သည်။
သူ့လက်တွေကိုကိုင်ပြီး ငုံ့နမ်းလိုက်သည့်အချိန် မျက်ရည်တွေကစီးကျနေခဲ့တာ တလဟော။
YOU ARE READING
Dark's Black _ Season(1) [Completed]
Romance" Dark's Black " Season-(1) Start (15.2.2021) ✍ [Darkness's own creation]💯 A novel written with my heart.👨❤️👨 I created a new imaginary life for the two of them 📚