ဖူးစာဆိုတော့ကာ မတတ်နိုင်ဘူး

1.4K 100 0
                                    

အခန်း(၁၂)

စိတ်အရမ်းလှုပ်ရှားနေသောကြောင့် Black မှာယွန်းဆီသို့ဖုန်းခေါ် လိုက်သည်။

" အဲဒီမှာအဆင်သင့်ပဲလား "

" အင်းရယ်ဒီပဲ... နင်ရော "

" ငါ အိုခေတယ် "

နေရာက Dark ကွန်ဒိုတိုက်ခန်းရှိရာ Cherry Hotel။
အခန်းနံပါတ်ကိုတော့ ခန့်ကစုံစမ်းပေးခဲ့သည်။
ယွန်း တို့မောင်နှမ နှစ်ယောက်ကငှားထားသည့် မိန်းမလှလေးအား အိုက်တင်ကျင့်ပေးနေခဲ့သည်။

" အလွတ်အကင်းကိုတော့ ရှာလာတာပါနော် "

Black ကစိုးရိမ်မကင်း ဖြစ်နေလျှင် ယွန်း ကခပ်အုပ်အုပ်​လေသံဖြင့်။

" ငါပါဟ ...ယွန်းပါ မိန်းကလေးချင်းပဲ မသိဘဲနေမလား ကလပ်မှာလုပ်တယ်ဆိုပေမယ့် အသန့်လေးပါ "


" ပြီးတာပဲ...နောက်မှမလိုအပ်တဲ့ ပြဿနာတွေထပ်ရှင်းနေရမှာစိုးလို့ "

" ပြဿနာကတော့ နင့်အပိုင်းပဲနင်ရှင်းရမှာ ငါတို့အပိုင်းက ဒီညပြီးတာနဲ့ လုံးဝအရှင်းဖြစ်
စေရမယ် "

" အခန်းမမှားစေနဲ့နော် သူ့ကိုသေချာအောင် ပြောပြထားအုံး တော်ကြာဇာတ်လမ်းတွေထဲကလို
တစ်လွဲတွေဖြစ်ကုန်မယ် "

" မဖြစ်စေရပါဘူးဟယ် ...နင်သာနင့်အပိုင်းကို
သေသေချာချာလုပ် "

" အင်း...ဒါနဲ့...သူရောက်လာပြီလား "

ခန့် တစ်ယောက်ကလွဲပြီးကျန်တဲ့လူတွေအကုန်လုံးက Black ကိစ္စအတွက်တက်ကြွနေကြသည်။
ခန့် ကတော့ ဆွေမျိုးများရောက်ရှိနေသဖြင့် ဘုရားဖူးလိုက်ပို့ရန်တာဝန်ကျသည်။သို့သော်
အခန်းရှာပေးသည့်တာဝန်ကိုတော့ ကျေပြွန်အောင်လုပ်ပေးသွားသည်။
ယွန်းတို့မောင်နှမ နှစ်ယောက်က ငှားထားသည့်ကောင်မလေးနှင့် Dark ၏မျက်နှာချင်းဆိုင်ဘေးကပ်လျက်အခန်းတွင်စတည်းချနေခဲ့သည်။

" မတွေ့သေးဘူးဟ...အဲ... ထွက်လာပြီ ထွက်လာပြီ အောက်ဆင်းတော့မယ် "

Dark's Black _ Season(1) [Completed]Where stories live. Discover now