ရူးတော့မှာပဲ

1.1K 78 2
                                    

အခန်း(၃၇)

ခြံတံခါးက ကားဝင်လို့ရသည်အထိ ပွင့်နေသောကြောင့် Black ကခြံထဲသို့သာတိုက်ရိုက်မောင်းဝင်လိုက်သည်။ထိုအခါဘောင်းဘီအိတ်ထဲသို့ လက်ထည့်ကာ လမ်းလျှောက်လာသည့် ခန့် ကိုတွေ့လိုက်ရ၏။ခန့် ကတော့အနီရောင်ရင့်သည့် ပြိုင်ကားကိုတွေ့လိုက်ကတည်းက Black ဆိုတာကိုအတပ်သိနိုင်သည်။

ထို့ကြောင့်ကားကိုပါကင်ရှိရာသို့ အရင်ဆုံးကွေ့ကာစက်ရပ်လိုက်သည်။Black ကနေကာမျက်မှန်ကိုချွတ်ပြီး အဖြူစွတ်စွတ်ရှပ်အင်္ကျီတွင်ချိတ်လိုက်သည်။ပြီးမှ ကားတံခါးကိုဖွင့်ဆင်းပြီး ခန့် လျှောက်လာသည့်လမ်းဘက်ကို
ကြည့်လိုက်သည်။

ခန့် ကခြံတံခါးကို ပိတ်ပြီးလျှင် Black ရှိရာသို့လျှောက်လာခဲ့၏။Black ၏နှုတ်ခမ်းတွင်ကြည်လင်သော အပြုံးတစ်ခုက ချက်ချင်းဖြစ်ထွန်းသွားသည်။

" ခန့် ...ဆီလာတာလား "

Black ကမျက်ခုံးတစ်ဖက်ပင့်ကာ ခေါင်းညိတ်ပြလိုက်သည်။ပြီးမှ...

" ထိုင်နေကျနေရာမှာပဲထိုင်မယ်လေ စကားပြောကြတာပေါ့ "

ခန့် ကယခုထိ Black ကိုမြင်နေရတာ အိမ်မက် မက်နေသည့်ပုံစံအတိုင်း ။လက်နှစ်ဖက်ကို ခါးစပ်တွင် ထောက်ထားရင်း ခေါင်းကိုခါကာ...

" မယုံနိုင်ဘူးဖြစ်နေတယ် Black "

" မလာဖူးတာလည်းမဟုတ်ဘဲနဲ့ "

" မဟုတ်ဘူးလေ လာဖူးတာတော့မှန်တယ် ဒါပေမယ့် အခုက အရင်လိုမှမဟုတ်တာ "

" လာပြန်ပြီ Black တစ်ယောက်အိမ်ထောင်ကျသွားပြီးမှ ပျောက်ချင်းမလှပျောက်သွားတယ်ဆိုပြီး ထပ်ပြောအုံးမလို့လား ခန့်. "

" မဟုတ်ပါဘူး ခန့် ပြောချင်တာက တကူးတကလာလည်လို့ ယွန်းတို့နဲ့လည်းတွေ့ထားသေးတယ်မဟုတ်လား ပင်ပန်းနေရောပေါ့ အိမ်ပြန်နားတာမဟုတ်ဘူး "

" အစကပြန်မလို့ပဲ ဒါပေမယ့် ယွန်း တို့ပြောလို့ "

ခန့် က ဖွေးသန့်နေအောင် ချောသည့် Black ၏မျက်နှာလေးကို မျက်တောင်မခတ်တမ်းစိုက်ကြည့်ပြီး...

" ဘာပြောတာလဲ "

" အဟွန်း... များလွန်းလို့ ဘယ်ကစပြောရမှန်းတောင်မသိတော့ဘူး "

Dark's Black _ Season(1) [Completed]Where stories live. Discover now