အခန်း (၇)
" မင်း "
ဓာတ်လှေကားအခန်းထဲတွင် တစ်ယောက်ထဲမတ်တပ်ရပ်နေတုန်းရိပ်ခနဲဝင်လာသည့် လူတစ်ယောက်ကြောင့် Black မျက်မှောင်ကျုံ့လိုက်သည်။
ကိုယ့်ထက်မြင့်မားနေသည့်အရပ် တောင့်တင်းသန်မာသော ကိုယ်နေဟန်ထားကို မြင်လိုက်သည်နှင့် မည်သူဆိုတာကို Black သိသည်။
မြင်လိုက်တာနှင့် အရင်ဆုံးမျက်စိပျက်မျက်နှာပျက်သွားသူက Black သာဖြစ်သည်။
Dark ကတော့ အေးဆေးစွာပင် မျက်လွှာတစ်ချက်မပင့် အသံတစ်စက်မထွက်ဘဲ သွားချင်သည့်အထပ်ကိုသာ နံပါတ်ရွေးနှိပ်နေခဲ့သည်။Black ဆီမှသင်းနေသောရှိပြီးသားရနံ့အပြင် ထိုလူ့ဆီကထပ်ဆင့်မွှေးလာသည့် ချိုအီအီရနံက အခန်း၏ပတ်ပတ်လည်ကို မွှေးပျံ့စွာလွှမ်းခြုံသွားခဲ့သည်။
နှစ်ယောက်စလုံးကသွားမည့် အထပ်ချင်းတူနေခဲ့ရာ Dark နှိပ်လိုက်သည့် နံပါတ်က Black နှင့်တူနေခဲ့သည်။" မင်း ဘာလုပ်တာလဲ "
" ...... "
Dark က ဘာစကားမှပြန်မပြောဘဲ ဘောင်းဘီဘေးအိတ်ထဲရှိ အသံမြည်နေသော ဖုန်းကိုထုတ်ကိုင်သည်။
ဒါကိုပင် Black ကသူ့အားလျစ်လျူရှုနေတယ်လို့ထင်သွားပြီး။" ဟ ...မင်းကိုမေးနေတယ်လေ "
" ...... "
ဘေးတစောင်းအနေအထားမို့ ချွန့်မြေ့ကာကော့ထင်းသော Dark ၏နှာတံချွန်မြမြကို Black အသံတိတ်ငေးမိသွားသည်။
သေသပ်စွာရိတ်သိမ်းထားသောကြောင့် စိမ်းဖန့်ဖန့် နှုတ်ခမ်း၏အပေါ် သားနေရာလေးကို အနီးကပ်ကြီးမြင်လိုက်ရသည်။
" ဟလို ..."
" ဖတ် !"
" ဘုတ်!"
" ကျစ်... ! "
ပုတ်ချခံလိုက်ရသည့်အတွက် လက်ထဲမှလွတ်ခနဲပြုတ်ကျသွားသော ဖုန်းကို Dark ကတစ်ချက်ငုံ့ကြည့်လိုက်သည်။
ဖုန်းကိုင်ထားခဲ့သည့် လက်ကတော့ လေထဲမှာမလှုပ်မယှက်ရှိနေဆဲဖြစ်သည်။

YOU ARE READING
Dark's Black _ Season(1) [Completed]
Lãng mạn" Dark's Black " Season-(1) Start (15.2.2021) ✍ [Darkness's own creation]💯 A novel written with my heart.👨❤️👨 I created a new imaginary life for the two of them 📚