အတိတ်ကဇာတ်ကြောင်းလေးတစ်ခု

1.1K 77 1
                                    

အခန်း(၅၄)

Blue Night Bakery...

" မနက်ဖြန်လာခဲ့မယ်မှတ်လား ခန့်စောင့်နေမယ်နော်... အိမ်ကိုပဲလာခဲ့ပေး "

ခန့်ပို့ထားသည့် စာကိုဖတ်ပြီးသွားလျှင် ဖုန်းကိုဘောင်းဘီအိတ်ထဲသို့ ထိုးထည့်လိုက်သည်။
အားတယ်လို့ပြောထားပြီးသားမို့ သွားကိုသွားရမှာဖြစ်သည်။
ဘာအကြောင်းတွေပြောမယ်ဆိုတာကိုတော့ Black ကိုယ်တိုင်လည်းမသိသေး။
ခန့် နဲ့က ဘာမှလည်းထွေထွေထူးထူး ပြောစရာစကားမရှိပါ။
ထို့ကြောင့် ခန့်ဘက်ကပြောစရာစကားရှိတယ်ဆိုတာကိုတော့ တော်တော်လေးစိတ်ဝင်စားမိသည်။

" အိုး မိုင် ဂေါ့...ဒါတစ်ကယ်ကြီးလား "

Black တစ်ယောက်အအေးကို ဆက်သောက်ဖို့ခေါင်းကိုငုံ့လိုက်ရုံရှိသေး အနောက်ဘက်ဝိုင်းကထွက်လာသော ဆူညံသည့် အသံများကြောင့် မျက်မှောင်ကိုကျုံ့လိုက်မိသည်။

" ဒါ... ဟို...ဟို သူလား"

" ဟုတ်တယ်လေ အဲဒါအရမ်းနာမည်ကြီးနေတဲ့ လူငယ်စီးပွားရေးလုပ်ငန်းရှင် ဟိုဘာအင်ပါယာဆိုလား သူ့ company ကအကြီးကြီးပဲလေ "

" Empire Of Dark ပါ "

" ဒေါက်...! "

ကိုင်ထားပြီးဖြစ်သည့် ကားသော့မှာ စားပွဲပေါ် သို့ပြန်ချထားရသည့် အခြေအနေသို့ပြန်ရောက်သွားသည်။ဒါဆို သူတို့ပြောနေတာသေချာပေါက်ကိုDark အကြာင်းပဲပေါ့။

သူတို့ဘာဆက်ပြောမယ်ဆိုတာကို သိချင်လို့မဟုတ်။ကိုယ့်ဘာသာဖုန်းဖွင့်ပြီး ဘာသတင်းတွေတက်နေတယ်ဆိုတာကို ရှာကြည့်ဖို့ဖြစ်သည်။

" တစ်ကယ်ကြီးအဲဒီလိုလား... ရည်းစားရှိခဲ့တယ်ပေါ့... ပြောတော့သူကယောကျာ်းလေးနဲ့ပဲ လက်ထပ်ထားတာဆို "

" အေးလေဘာတွေလဲဟ "

" ဒီသတင်းကြီးက မှန်ရောမှန်ပါ့မလား "

" အေးလေကောင်မလေးမြင်တိုင်း ရည်းစားပဲဆိုပြီး သတ်မှတ်ထားလို့မှမရတာ...သူငယ်ချင်းတွေဘာတွေလည်းဖြစ်နေနိုင်တာပဲ "

" မပြောတတ်ဘူးလေ ပုံထဲမှာတော့သူပဲဟ...ကောင်မလေးကတော့မျက်နှာမမြင်ရဘူး "

Dark's Black _ Season(1) [Completed]Where stories live. Discover now