ပထမဆုံးအကြိမ်နမ်းခဲ့တုန်းကဒီလိုပဲလား

1.1K 80 3
                                    

အခန်း(၄၀)

အမှန်က " မလွန်လာနဲ့ " လို့ ဆက်ပြောချင်သေးတာ။
သို့သော်...

" အဟွန်း ... !"

" မလုပ်နဲ့နော် ..."

Dark သည်မျက်နှာနှစ်ခုမပူးကပ်သွားခင် တိုးညှင်းသာယာသော အသံနှင့်ပြောလိုက်ပါသေးသည်။

" ကိုယ့်ကိုအသေသတ်မယ်ဆိုလည်းသဘောပဲ "

ပြောပြီးတာနှင့် နှုတ်ခမ်းကိုဘယ်ဘက်ထောင့်စွန်းသည်အထိ ကွေးတက်အောင်ပြုံးပြလိုက်သည်။
ရင်ဘတ်ထဲမှာ အနုမြူဗုံးတစ်လုံးပေါက်ကွဲသွားပြီလို့ Black ကိုယ့်ဘာသာစီရင်ချက်ချလိုက်
စဥ် အဆမတန်နွေးသွားသည့်နှုတ်ခမ်းသားကြောင့်...

" အင့်... ! "

မီးပျက်သွားတာလား...
ဒါမှမဟုတ် မျက်လုံးပဲကန်းသွားတာလား...
အမှန်က သွေးလန့်ပြီးတစ်လောကလုံးအမှောင်ကျသွားခြင်းဖြစ်သည်။

" တောက် ...! "

" လွှတ်စမ်း... အု "

Black တစ်ယောက်ထဲ၏ အော်ဟစ်တွန်းထိုးရုန်းကန်သံတို့ကသာ အလုအယက်ထွက်လာခဲ့သည်။

ပုခုံးနှစ်ဖက်စလုံးကိုလက်နှစ်ဖက်နှင့်ချုပ်ကိုင်ပြီး
မျက်နှာကိုတစောင်းအနေအထားသို့ပြောင်းကာ နမ်းလာသည့်သူ့ကို Black ဘာပြန်လုပ်ရမလဲ။

သူကမျက်လုံးတွေကိုစုံမှိတ်ပြီး ကိုယ့်နှုတ်ခမ်းကိုဖိကပ်ထားချိန် ကိုယ့်မှာတော့ ဆောက်တည်ရာမရ...
Black သည်မျက်လုံးမျက်ဆန်ပြူးပြီး နှာခေါင်းတွင်တေ့အောင့်ထားသည့်လေကို အပြင်သို့ပြန်ရှူထုတ်ရန်မေ့နေခဲ့သည်။လှုပ်လို့မရအောင်
ပုခုံးနှစ်ဖက်စလုံးကိုချုပ်ထားခဲ့သည့်သူ့လက်တွေကြောင့်Black သည်သူ့နောက်ကျောဘက်ကိုလက်လျှိုသွင်းကာ...

" ဘုန်း... ! "

ကျောကုန်းပေါ် သို့ ကျရောက်သွားသည့် ထုချက်တွေက Dark ကိုရပ်တန့်သွားစေဖို့မကူညီနိုင်။

" အု...! "

ဖယ်ပေးလို့ပြောချင်ပေမယ့် ပါးစပ်ကိုနည်းနည်းလေးတောင်ဟလို့မရ။
သူ့နှုတ်ခမ်းသားတွေကို ရှောင်ဖယ်နိုင်ဖို့မျက်နှာကိုဘေးဘက်သို့အတင်းလှည့်သည်။သို့သော်...

Dark's Black _ Season(1) [Completed]Where stories live. Discover now