လိုချင်လို့

1.7K 113 1
                                    

အခန်း(၁၀)

အနက်ရောင်ကိုကြိုက်ခြင်းက ဘယ်ဘဝကရေစက်​တွေကြောင့်လာတူနေရတာလဲ။
စိမ်းညှို့သောမျက်ခုံးတန်းအောက်ရှိ
အရောင်လက်သော Dark မျက်ဝန်းအိမ်ထဲ၌ Black ကိုယ့်ပုံရိပ်ကိုပြန်မြင်နေရသည်။

ကော့စင်းချွန်မြေ့သည့်နှာဖျားအောက် ခပ်တင်းတင်းစေ့ထားသည့်နှုတ်ခမ်းလွှာများမှာ ဘယ်အချိန်ပဲကြည့်လိုက်ကြည့်လိုက် ဆွဲဆောင်မှုအပြည့်ရှိသည်။

Dark ကအနက်ရောင်ရှပ်ကို necktieကြိုးမစည်းဘဲ ကုတ်နှင့်သာထပ်ဝတ်ထားသည်။
ထိုသို့ဝတ်ဆင်ထား​ခြင်းက နှင်းလိုစွတ်စွတ်ဖြူသော သူ့အသားရောင်အား ထင်းအောင်ပြထားသကဲ့သို့ပေါ် လွင်သည်။

Black မှာရှေ့တွင် ရပ်နေသော ကောင်းခြင်းများစွာနှင့် ပြည့်စုံနေသူအားအသားများ တဆတ်ဆတ်တုန်ကာကြည့်နေမိရင်းက။

" မင်း က ဘာလဲ "

Dark ကအေးဆေးစွာပင် Black ကိုကျော်​ဖြတ်၍ စားပွဲရှိရာဆီသို့​လျှောက်သွားသည်။

Black ကလည်း မျက်တောင်တစ်ချက်မခတ်ဘဲပေစောင်းစောင်းလိုက်ကြည့်သည်။
သတ်ချင်ဖြတ်ချင်သည့်စိတ်နှင့် လိုက်ကြည့်နေတာကို Dark ကလည်းသိသည်။
သိနေရက်နှင့် လွတ်နေသော ခုံတစ်ခုံ၌အရင်ဆုံး ဝင်ထိုင်ကာ မျက်နှာချင်းဆိုင်ခုံကိုလက်ညွှန်ပြသည်။

" ထိုင်လို့ရတယ် "

" ဘယ်သူ့ကိုပြောနေတာလဲ "

" ဘယ်သူရှိသေးလို့လဲ... ဒီမှာ "

" မင်းလို့တော့မပြောလိုက်နဲ့နော်... ငါနဲ့ ... "

စကားရှေ့ဆက်ပြောနိုင်ဖို့ရာ Black ပါးစပ်ကလုံးဝမရဲ။
" လူကြီးတွေကသဘောတူထားတဲ့လူက...
မင်းလား " လို့မေးရမှာလား။ဒါမှမဟုတ်
" ငါနဲ့စေ့စပ်မယ်လူက... မင်းလား " လို့မေးရမှာလား။

"ကျွတ် ...! "

အတွေးတွေနဲ့တင် ရှက်လို့သေပါ​သေသွားနိုင်သည်။

" ဆက်ပြော "

" မင်း နဲ့... ငါ နဲ့ ...ကျွတ် ...ဘယ်လိုမှမဖြစ်နိုင်ဘူးနော် "

Dark's Black _ Season(1) [Completed]Where stories live. Discover now