ဟုတ်တော့ ဟုတ်နေပြီ

31 2 0
                                    

အခန်း(၉)

" Black မင်း ငါ့စိတ်ကိုစမ်းနေတာလား "

" အဆက်အသွယ်ဖြတ်ထားတာနဲ့ ပဲ ငါကလက်လျှော့မယ်လို့ ထင်နေတာလား ငါကမင်းနေတဲ့နေရာကိုမသိဘူးဆိုတော့လေ "

" ပြောတာကို နားမထောင်ဘူးဆိုရင်တော့ ဟေ့...နောက်မှ ငါ့အဆိုးမဆိုနဲ့ "

" စေ့စပ်ပွဲကနေ လက်ထပ်ပွဲဖြစ်သွားမယ်နော် "

"သား မင်းတစ်ခါလောက်တော့ တွေ့ကြည့်လိုက် မင်းအဘိုးက ပြောရင်တစ်ကယ်လုပ်တာနော် "

" မင်းဒက်ဒီ ငါက မင်းအဘိုးစကားကို အခုအချိန်ထိ နားထောင်နေရတာ မင်းသိပါတယ် "

" မာမီပြောမယ်သား ချွေးမမရပေမယ့် သားမက်ဆိုလည်းမဆိုးပါဘူးကွယ် သားနှစ်ယောက်ရတယ်လို့ပဲ မာမီသတ်မှတ်တယ် ယောကျာ်းလေးချင်းဆိုတော့ သိပ်ပြီးညှိစရာမလိုတော့ဘူးပေါ့ "

အင်တာနက် ဖွင့်လိုက်တာနှင့် တတောင်တောင် တက်လာသည့်မက်ဆေ့များကြောင့် Black ခေါင်း​ပါချာချာလည်မူးသွားသည်။

" အား ...ဘာတွေလဲ "

လူ​ကြီးများကိုတမင် အဆက်အသွယ်ဖြတ်ထားတာက ဤကိစ္စကြီးအား သဘောမတူကြောင်း
သိစေချင်၍ဖြစ်သည်။

သူငယ်ချင်းများကို ပြောပြတော့လည်း ဒီးတို့မောင်နှစ်မနှစ်ယောက်စလုံးက အတော်လေးအံ့သြကြကာ။

" မင်းတို့ မိသားစုကတစ်မျိုးပဲနော် တခြား ဂေးစုံတွဲတွေဆို အိမ်ကသဘောမတူရတာနဲ့ပတ်ဝန်းကျင်ကကဲ့ရဲ့ရတာနဲ့ အမျိုးမျိုး ပြဿနာတွေဖြေရှင်းနေရတာ မင်းတို့ကျမှ တမင်ကိုပေးစားရတယ်လို့ "

" ဒီးပြောတာမှန်တယ် ယွန်းတို့သိတဲ့ couple ဆိုမိသားစုက အမွေပြတ်စွန့်လွှတ်လိုက်လို့ အခုအချိန်ထိ နိုင်ငံခြားကနေပြန်ကိုမလာတော့ဘူး Black တို့မိသားစုစိတ်ဓာတ်ကိုတော့ တစ်ကယ်လေးစားတယ် "

စေ့စပ်ပွဲဖျက်ချင်လို့ သူတို့ဆီကအကြံညဏ်ကိုတောင်းလိုက်ကာမှ အဘိုး၏စိတ်ဓာတ်အား လေးစားဂုဏ်ပြု​​သည့် ချီးကျူးသံများကိုသာကြားခဲ့ရသည်။

" ဝူး...! "

ကားမောင်းထွက်သည့်အသံကြောင့် Black ကဖုန်းကိုပစ်ချပြီး လမ်းမဘက်ကိုကြည့်သည်။ ထိုအခါမျက်နှာချင်းဆိုင်ခြံမှ နက်မှောင်ပြောင်လက်သောကားတစ်စီး အရှိန်နှင့်မောင်းထွက်သွားသည်ကိုတွေ့လိုက်ရသည်။

Dark's Black _ Season(1) [Completed]Where stories live. Discover now