အရမ်းကိုပြုစားလွန်းတယ်

1.2K 83 1
                                    

အခန်း(၅၂)

" ထူးဆန်းနေတာ... "

" မွှေးနေတာပဲ "

ဆံနွယ်များအားထိတို့ဆော့ကစားနေသည့် သူ့လက်ကို Black ကအသာဖယ်ချလိုက်သည်။
ကိုယ်ပြောလိုက်တာရှင်းရှင်းလေးကို...
သူစချစ်နေခဲ့တယ်ဆိုတာကို ထူးဆန်းတယ်လို့ပြောလိုက်တာ...
ဒါကိုမွှေးနေတာပဲဆိုတော့...

" စကားမလွဲနဲ့လေ...မေးနေတာဖြေ "

Dark ကမျက်နှာနှစ်ခုကိုခလုတ်တိုက်မတတ်ငုံ့လိုက်ပြီးမှ မျက်လုံးတစ်ဖက်ကိုဖျတ်ခနဲဆိုသလိုမှိတ်ချလိုက်ပြီး..

" တစ်ကယ်မွှေးတာ...မင်းရဲ့ကိုယ်သင်းနံ့လေး "

" Dark...! "

Dark ကနောက်ထပ်တစ်ကြိမ် Black ၏ဆံနွယ်များကိုတို့ထိသည်။ဒီတစ်ခါတော့ထိရုံလေးသာထိနေခြင်းမျိုးမဟုတ်ဘဲ စိမ်းဖန့်သောမျက်ခုံးတန်းလေးပေါ် သည်အထိ အုပ်ကျနေသော ဆံနွယ်များကိုညာဘက်သို့ခွဲချလိုက်သည်။
ဒီလောက်ပြောနေတာကိုတောင် ယခုထိလူကိုအဖတ်မလုပ်ဘဲ သူလုပ်ချင်တာကိုသာလုပ်ကိုင်နေသည့် Dark ကြောင့်...

" မေးနေတယ်လို့... မပြောဘူးလား "

" အဟွန်း..."

" ဟ...ရယ်နေတာလား "

စိတ်ပေါက်ပေါက်နှင့် Black ကသူ့အင်္ကျီကော်လံကိုဆောင့်ကြီးအောင့်ကြီးဆွဲဆုပ်သည်။အရှိန်အရမ်းမများသော်လည်း Dark ကတမင်ကိုယ်ကိုအလိုက်သင့်ပါပေးလိုက်သောကြောင့် မျက်နှာနှစ်ခုမှာ နှာခေါင်းဖျားချင်းထိလုနီးပါးအခြေအနေသို့ရောက်ရှိသွားပြီး...

" ကိုယ်ဘာမှမလုပ်ဘူးနော် မင်းဘာသာဆွဲချလိုက်တာ "

ရင်ဘတ်ချင်းထိကပ်ကာ မျက်နှာချင်းမိတ်ဆက်တော့မည့်အခြေအနေကြောင့် Black ကမျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး..

" ဟုတ်တယ်...ဘာဖြစ်လဲ "

ဒါမျိုးဆို Dark ကလည်းမြန်သည်။အကျပ်အတည်းကြားကနေတောင် ပုခုံးနှစ်ဖက်ကိုအသာတွန့်လိုက်ပြီး...

" နိုး...ကိုယ်ကဘာမှမဖြစ်ပါဘူး "

Dark ကစိုလက်ကာသေသပ်သော နှုတ်ခမ်းသားတွေကိုလျှာနှင့်သပ်လိုက်သည်။ပြီးလျှင်
အနီးကပ်ကြီးမြင်နေရသည့် ဝင်းမွတ်သောမျက်နှာလေးကို ညာဘက်ချောင်းများနှင့် ပွတ်သပ်ကာရွေ့လျားရင်း...

Dark's Black _ Season(1) [Completed]Where stories live. Discover now