အချိန်ပြည့်ကိုမြင်ချင်​နေတာ

2K 137 4
                                    

အခန်း(၄)

' ဒူ ... ဒူ '

အဆက်မပြတ်မြည်နေသည့် ဖုန်းသံကြောင့် Black ကအနားရှိခေါင်းအုံးအပိုတစ်လုံးကိုဆွဲယူသည်။

ပြီးလျှင် ညာဘက်နားရွက်ပေါ် သို့ ထိုခေါင်းအုံးအား ဖိချလိုက်သည်။

' ဒူ ... ဒူ '

' ဟား...! အိပ်နေတာကိုကွာ '

ဖုန်းသံကတိတ်သွားခြင်းမရှိသဖြင့် Black မှာဘယ်လို​ပဲလှည့်ပတ်ပြီးအိပ်နေပါစေ အိပ်ပျော်ဖို့ရာလမ်းစဥ်ကမရှိ။
ထို့ကြောင့် မျက်လုံးနှစ်ဖက်အား ပိတ်ထားလျက်ကပင် စားပွဲပေါ် တွင်ရှိ​နေသည့် ဖုန်းကိုမှန်းယူလိုက်သည်။

' ခွမ်း! '

' ဒုန်း! '

' အား ... နားငြီးလိုက်တာကွာ '

ပစ္စည်းများသာစားပွဲပေါ် မှ တစ်ခုပြီး တစ်ခုပြုတ်ကျသွားသည် ဖုန်းကိုတော့လုံးဝစမ်းလို့မရ။
နောက်ဆုံးစိတ်ကိုလျှော့ချလိုက်ပြီး မျက်လုံးနှစ်ဖက်ကိုဖွင့်၍ ဝေဝါးနေသည့်မြင်ကွင်းအား အမြင်ကြည်အောင်လုပ်သည်။
အရက်သောက်ထားသည့် အရှိန်ကမသေ သေးသောကြောင့် ခေါင်းတစ်ခုလုံးကနောက်ကျိနေဆဲဖြစ်သည်။
Black တစ်ယောက်ထဲ ယောက်ယတ်ခတ်နေစဥ်မှာပင် ဖုန်းမြည်သံကရပ်သွား၏။
' ကောင်းတယ် ' လို့ စိတ်ထဲကနေ ရေရွတ်ပြီး Black ကပြန်လှဲအိပ်သည်။
သို့သော်...

' ဒူ...! ဒူ...! '

' တော်ပါပြီ...ဆက်အိပ်နေလိုက်မင်းစိတ်ကူးထဲမှာပဲ '

Black ကခါးစပ်နားလောက်ထိ ခြုံထားသည့်
စောင်ကိုခါထုတ်ပစ်ပြီး အိပ်ယာပေါ် မှဆင်းသည်။
ထိုအခါအဝတ်စလေးတစ်မျှင်တောင် ကပ်မနေသည့် ခန္ဓာကိုယ်ကဖွေးခနဲပေါ်လာသည်။
Black က Curtain မချထားသော အခန်း၏မျက်နှာစာ အရှေ့ဘက်ခြမ်းကိုကြည့်သည်။
ပြီးလျှင်လမ်းတစ်ဖက်ရှိ မျက်နှာချင်းဆိုင်တိုက်ကို ဆက်ကြည့်လိုက်ကာ....

' အရင်ကလူမရှိပါဘူး '

လှုပ်ရှားမှုအနည်းငယ်ကိုတွေ့လိုက်ရသဖြင့် လူရှိနေတာလားဆိုသည့်အတွေးကချက်ချင်းဝင်သွားသည်။
သို့သော် အဝတ်ပတ်ဖို့ကိုတော့ စိတ်မဝင်စားဘဲ မြည်နေသည့် ဖုန်းကိုကောက်ကိုင်လိုက်ကာ ...

Dark's Black _ Season(1) [Completed]Where stories live. Discover now