ငါကအသားကျနေပြီ

1.2K 73 2
                                    

အခန်း(၅၇)

" ဒူ... ဒူ "

ရေချိုးခန်းထဲကထွက်လာသည်နှင့် အဆက်မပြတ်မြည်နေသောဖုန်းသံကြောင့် ခန့် က " ဟွန့် " ခနဲနေအောင်တစ်ချက်မဲ့သည်။
ဒီနေ့ခေါ် နေတာဘယ်နှစ်ခေါက်ကျနေပြီလဲ။
ခန့် မှာရေလို့တောင်မနိုင်တော့သည့်အတွက် ထိုဖုန်းကို လျစ်လျူရှုပြီးရေချိုးနေခြင်းဖြစ်သည်။
ရေစိုနေသေးသည့်ဆံပင်များကို မွှေးပွတဘက်
နှင့်စိန်ပြေနပြေသုတ်ရင်းက အခန်း၏နံရံထောင့်ကိုကိုယ်တစ်ခြမ်းစောင်းပစ်မှီလိုက်သည်။
ပြီးလျှင် မွေ့ယာပေါ် သို့ပစ်တင်ခံထားရသည့် Black ၏ဖုန်းအားမဲ့ပြုံးများနှင့်ငေးကြည့်ရင်း...

" မင်းတော်တော်ကံကောင်းတာပဲ Black ...ငါအရမ်းလိုချင်ခဲ့တဲ့ ဂရုစိုက်ခြင်းတွေကို မင်းတစ်ယောက်ထဲကိုပဲပေးခဲ့တာ... သူက "

ကိုယ်ရည်ညွှန်းနေသည့် တစ်ယောက်ထဲသောလူက Black ဆိုသည့်လူသားတစ်ယောက်ကိုသာ တစ်စိုက်မတ်မတ်ဂရုစိုက်ခဲ့ခြင်းဖြစ်သည်။
သူ့ဘဝမှာ Black ကလွဲလို့အခြားဘယ်သူ့ကိုမှ မမြင်နိုင်လောက်သည်အထိကို အရူးရင့်နေတယ်လို့ ကိုယ့်ဘက်ကသတ်မှတ်ခဲ့ဖူးသည်။

ဘယ်အရာကမှမတည်မြဲနိုင်သလို အချစ်ဆိုတာလည်းပြောင်းလဲတတ်တာပဲ...
အနေနီးနေတဲ့ကိုယ့်ဘက်ကသာ ကြိုးစားနေမယ်ဆို အချိန်တန်ကိုယ်လိုချင်တဲ့ နေရာတစ်ခုကိုအရယူနိုင်မှာပဲလို့ ရူးသွပ်ခဲ့ဖူးတာက ကိုယ် ကိုယ်တိုင်ဖြစ်သည်။

ကိုယ်လိုချင်တဲ့နေရာကိုမပြောနှင့် သူငယ်ချင်းဆိုတဲ့ ဂုဏ်ပုဒ်ကိုတောင်ဘာမဟုတ်တဲ့ ကိစ္စကလေးနှင့်ဆုံးရှုံးခဲ့ရဖူးသည်။

" ဟွန်း... ! "

နာရီရှိရာသို့မော့ကြည့်လိုက်လျှင်အချိန်က ညကိုးနာရီ...
အနည်းငယ်စိုထိုင်းနေသေးသည့် ဆံသားများကိုရေဆက်မသုတ်တော့ဘဲ ခန့် ကညာဘက်ပုခုံးစွန်း ပေါ် ၌တဘက်ကိုတင်ထားလိုက်သည်။

ကိုးနာရီဆိုသည့်အချိန်လောက်ဆိုအဆင်ပြေပြီ...
ထို့ကြောင့် နောက်တစ်ကြော့ပြန်မြည်လာသည့် ဖုန်းဆီသို့ခြေလှမ်းကို ဦးတည်လိုက်သည်။

Dark's Black _ Season(1) [Completed]Where stories live. Discover now