ကျွတ်... မင်း

1.2K 91 0
                                    

အခန်း(၂၉)

မိုးလင်းနေတာကိုသိပေမယ့် Black တစ်ယောက် မွေ့ယာပေါ် ၌ တစောင်းလဲနေတုန်းပင်။မျက်လုံးတွေကိုလည်း ဖွင့်ကြည့်ဖို့မစဥ်းစားသေး။လိုက်ကာတွေဖွင့်ပြီးအိပ်တတ်သည့် အကျင့်ကြောင့် အခန်းထဲသို့တိုက်ရိုက်ဝင်နေသည့် နေရောင်ခြည်အထိအတွေ့တွေကိုလည်းခံစားနေရသည်။

" ဟင် "

လက်ခနဲဖြစ်သွားသည့်အလင်းရောင်ကြောင့် မျက်မှောင်ကအလိုလိုကျုံ့သွားမိသည်။သို့သော်မျက်ဝန်းတွေကိုတော့ဖွင့်မကြည့်ဖြစ်သေး။

အရင်ကလည်းထိုသို့ဖြစ်ခဲ့ဖူးကြောင်းကို ပြန်သတိရလိုက်သည်။နေ့တိုင်းလိုလို မဟုတ်ပေမယ့် တစ်ပတ်မှာလေးကြိမ်လောက်တော့ ကြုံတွေ့ခဲ့ဖူးသည်။

လက်ထပ်ပြီးသည့်နောက် ယခုမှသာပထမဦးဆုံးအနေဖြင့် ကိုယ့်အိမ်၌ပြန်နေခဲ့ဖြစ်ခြင်းဖြစ်သည်။
အရင်နေ့တွေကဆို ထိုအလင်းရောင်ကိုတစ်ခါမှမမြင်ခဲ့ရ...
ဒီနေ့မှသာပထမဦးဆုံးအကြိမ်အဖြစ် ထိုအလင်းရောင်ကိုပြန်မြင်ခဲ့ရခြင်းဖြစ်သည်။

" မဟုတ်သေးပါဘူး "

Black ကတစောင်းလဲနေရာမှ ပက်လက်ပြန်လှန်လိုက်သည်။ပြီးလျှင် မျက်လုံးတွေကိုမဖွင့်ချင်ဖွင့်ချင်နှင့် ကြိုးစားပမ်းစားဖွင့်လိုက်သည်။ထိုသို့ဖွင့်ပြီးတာတောင် အမြင်တွေကမကြည်လင်သေး
သဖြင့် ညာဘက်လက်ခုံနှင့်မျက်ဝန်းတွေကိုအကြမ်းပတမ်းဆွဲပွတ်သည်။

အမြင်အနည်းငယ်ကြည်လင်သွားမှအလင်းရောင်ဝင်နေသည့် အခန်း၏မျက်နှာစာဘက်ခြမ်းကို
လှည့်ကြည့်လိုက်သည်။ကြည်လင်သော မှန်သားတွေ၏အပြင်ဘက်တွင် စနစ်တကျစိုက်ပျိုးထားသည့် စိမ်းစိုသောသစ်ပင်တန်းများကို အထင်းသားမြင်နေရသည်။

ဝရန်တာ၏ လက်ရန်းအောက်ခြေနား
တွင် သေးငယ်ပုကွသည့်ပန်းအိုးပေါင်းစုံနှင့် အပေါ် တန်းတွင်တော့ အရောင်အသွေးစုံသည်သစ်ခွပန်းအိုးများက အစီအရီရှိနေခဲ့သည်။ဒါတင်မက ကော်ဖီတစ်ဝိုင်းစာလောက်ရှိသည့် စားပွဲခုံများလည်းရှိနေခဲ့သည်။

သို့သော်ထိုဝရန်တာနှင့် သစ်ပင်တန်းများ
ကိုကျော်လွန်၍ကြည့်လိုက်လျှင်မျက်နှာချင်းဆိုင်ရှိ Dark၏ အိမ်ကိုမြင်လိုက်ရပြီး ထိုမျှမကတစ်ခါတုန်းက ဖြစ်ပျက်ခဲ့ဖူးသည့်ကိစ္စကိုပြန်သတိရလိုက်လျှင်။

Dark's Black _ Season(1) [Completed]Where stories live. Discover now